တာချီလိတ်လေဆိပ်မှ မြစ်ကြီးနားနှင့် မန္တလေးမြို့တို့သို့ပျံသန်းမည့် လေယာဉ် ပျံမတက်နိုင်ဘဲ ဟိုက်ဒရောလစ်ဆီ ယိုစိမ့်ပြီး မီးခိုးထွက်
တာချီလိတ် မေ ၂
တာချီလိတ်လေဆိပ်မှ မြစ်ကြီးနားနှင့် မန္တလေးမြို့တို့သို့ပျံသန်းမည့် အေးရှားဝင်းစ် လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် XY-AJQ သည် ယနေ့ညနေ ၃ နာရီ ၅ မိနစ်က ပြေးလမ်းပေါ်မှပျံတက်ရန် ဦးမော့စဉ်မတက်နိုင်သည့်အတွက် လေယာဉ်ကွင်းရှိရာသို့ ပြန်လှည့်လာရာ လေယာဉ် ပြေးလမ်းနှင့်ပွတ်တိုက်သည့်အရှိန်ဖြင့် လေယာဉ်ဘီးကွဲသွားပြီး ဟိုက်ဒရောလစ်ဆီယိုစိမ့်ကာ မီးခိုးများထွက်လာသည့်အတွက် သက်ဆိုင်ရာလေဆိပ်အမှုထမ်း များက ခေတ်မီမီးသတ်ကိရိယာများဖြင့် မီးခိုးများကိုငြှိမ်းသတ်ခဲ့ရသည်။
အဆိုပါလေယာဉ်တွင် ခရီးသည်အမျိုးသား ၂၃ဦး၊ အမျိုးသမီး ၂၁ ဦးလိုက်ပါခဲ့ပြီး ခရီးသည်နှင့် လေယာဉ်အမှုထမ်းများ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။ သို့သော် လေယာဉ် မှာ ပြုပြင်မှုများဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
ဖြစ်ပွားရာသို့ တာချီလိတ်လေဆိပ်မီးသတ်ဦးစီးဌာနမှ ခေတ်မီမီးသတ်ကိရိယာများဖြင့် အချိန်မီ မီးငြှိမ်း သတ်ပေးခဲ့သည့်အပြင် တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ လူနာတင်ယာဉ်တစ်စီးတို့ဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းနှင့်ဓာတ်ပုံ-မောင်ယဉ်ကျေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တာချီလိတ်လေဆိပ်မှ မြစ်ကြီးနားနှင့် မန္တလေးမြို့တို့သို့ပျံသန်းမည့် လေယာဉ် ပျံမတက်နိုင်ဘဲ ဟိုက်ဒရောလစ်ဆီ ယိုစိမ့်ပြီး မီးခိုးထွက်
Reviewed by သစ်ထူးလွင်
on
06:02
Rating: