စစ်ခုံရုံးက အမိန့် ချပြီး ဖြစ်လို့ ဒီအမှုကို ရှေ့ဆက် သွားနိုင်ဖို့ သိပ် မလွယ်ဘူးလို့ တရား လွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ် |
ကိုပါကြီးကို ပစ်သတ် ခဲ့တဲ့ တပ်သား နိုင်လင်းထွန်းနဲ့ ဒုတပ်ကြပ် ကျော်ကျော်အောင် တို့ဟာ တန်းပြည့် စစ်မှုထမ်း တွေဖြစ်လို့ တပ်မတော် အက် ဥပဒေ ပုဒ်မ ၇၂ အရ စစ် တရားရုံးရဲ့ စီရင်ခွင့် အာဏာ အတွင်း ကျရောက် ခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် သူတို့ကို စစ်တပ်ရဲ့ အကျဉ်းစစ် တရားရုံးမှာ စစ်ဆေး ပြီးနောက် တရားသေ လွှတ်မိန့် ချမှတ် လိုက်ကြောင်း အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက အတည်ပြု ခဲ့တာကို မြန်မာ နိုင်ငံ လူ့အခွင့် အရေး ကော်မရှင်က သတင်း ထုတ်ပြန် လိုက်တာ လည်း ဖြစ်ပါတယ်။
ကိုပါကြီး သေဆုံး မှုနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမှု ရှိစေဖို့ အတွက် နယ်ဖက် ဆိုင်ရာ တရား ရုံးမှာ စစ်ဆေး သင့်တယ်လို့ လူ့အခွင့် အရေး ကော်မရှင် ရဲ့ အစီရင်ခံ စာမှာ ဖော်ပြခဲ့ ပေမယ့် စစ်ခုံရုံးက သူတို့ အာဏာ အတွင်း ကျရောက် တယ်ဆိုပြီး စစ်ဆေး ခဲ့တာပါ။
ကိုပါကြီးရဲ့ ဇနီး မသန္တာက တော့ သူ့ခင်ပွန်းကို ဖမ်းဆီး တုန်းက ဥပဒေ အရ ဖမ်းခဲ့တာ မဟုတ်တဲ့ အတွက် ဆက်ပြီး ကန့်ကွက်သွားမှာ ဖြစ်တယ်လို့ ပြောပါ တယ်။
ဒါပေမယ့်လည်း စစ်ခုံရုံးက အမိန့် ချမှတ်ပြီး ဖြစ်တဲ့ အတွက် တကယ်တမ်း ဒီအမှုကို ရှေ့ဆက် သွားနိုင်ဖို့ သိပ် မလွယ်ဘူးလို့ အမှုမှာ သက်သေ အဖြစ် လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ တရား လွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ကိုပါကြီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကုန်ပိုင်းက တိုက်ပွဲ သတင်းလိုက်ပြီး အပြန် မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်မှာ စစ်တပ်က ဖမ်းဆီး ခေါ်ဆောင် သွားပြီးတဲ့ နောက်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သူဟာ ဖမ်းဆီး ခံနေရ စဉ် သေနတ်ကို လုပြီး ထွက်ပြေးတာလို့ စစ်တပ် ဘက်က ပြောခဲ့ပြီး၊ အလောင်းကို သွားရောက် ကြည့်ရှုခွင့် ရသူတွေ ကတော့ သူဟာ ညှင်းပမ်း နှိပ်စက် ခံခဲ့ ရတယ်လို့ သံသယ ရှိကြောင်း ပြောဆို ကြပါတယ်။
ကိုပါကြီးရဲ့ ဇနီးက ကျိုက်မရော မြို့မှာ အမှု ဖွင့်ထား တာကိုလည်း ကျိုက်မရော တရား ရုံးမှာ ဆက်လက် စစ်ဆေး မှုတွေ ပြုလုပ် နေပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကိုပါကြီးအမှု စွပ်စွဲခံရသူ တပ်ဖွဲ့ ဝင် ၂ ဦးကို တရားသေ လွှတ်
Reviewed by သစ်ထူးလွင်
on
02:57
Rating: