လူကုန်ကူးခံရသူ အယောက် ၃၀ ကျော်ရဲ့ အလောင်းကို ထိုင်းရဲတွေ တူးဖော် (Credit: AFP) |
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံက ရွေ့ပြောင်းလာသူတွေ ပျောက်ဆုံးသွားတာမျိုး ဖြစ်ပေါ်လေ့ရှိပါတယ်။
မကြာသေးခင်တုန်းကပဲ လူကုန်ကူးသူတွေကို ထိန်းသိမ်းထားတဲ့ တရားမဝင် စခန်းတွေကို တွေ့ခဲ့ရသလို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ လောင်းတွေလို့ ယူဆရတဲ့ လူသေအလောင်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။
အဲဒီလူကုန်ကူးမှုတွေမှာ ထိုင်းအစိုးရ ဝန်ထမ်းတွေလည်း ပါဝင်မှုရှိတဲ့အတွက် တချို့ကို ဖမ်းဆီး အရေးယူထားပြီ ဖြစ်ပါတယ်။
အဲဒီလို အဖြစ်မျိုး အိမ်နီးချင်း မလေးရှားနိုင်ငံမှာလည်း ရှိနိုင်တယ်လို့ Tenaganita ဆိုတဲ့ NGO အဖွဲ့က ပြောလိုက်ပါတယ်။
မလေးရှားနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက သူတို့ရဲ့ ဆွေမျိုးတွေ ပျောက်သွားတယ်လို့ တိုင်ကြားလာတာတွေ ရှိတဲ့အတွက် မလေးရှားမှာလည်း အလားတူ ပြဿနာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
မလေးရှားမှာလည်း လူကုန်ကူးမှု ရှိတယ်ဆိုတာကို အတိအကျ သိလို့ စွပ်စွဲတာမဟုတ်ဘူးလို့လည်း Tenaganita အဖွဲ့က ဝန်ခံထားပါတယ်။
ဒါပေမဲ့ လူကုန်ကူးမှု ရှိတယ်ဆိုတဲ့ သတင်းတွေကို ယုံကြည်ပြီး အစိုးရအနေနဲ့ စုံစမ်းမှု လုပ်သင့်တယ်လို့ ပြောဆိုထားပါတယ်။
ထိုင်းရဲ အယောက် ၅၀ လောက် ကူကုန်ကူးမှုနဲ့ အရေးယူခံရ
လူကုန်ကူးမှု ကျူးလွန်သူလို့ ယူဆရတဲ့ ထိုင်းရဲ အယောက် ၅၀ ကို ထိုင်းရဲတွေက အပြစ်ပေးထားပါတယ်။
မလေးရှားနယ်စပ်က ထိုင်းနိုင်ငံ တောထဲမှာ လူကုန်ကူးမှု စခန်းတွေ တွေ့ခဲ့သလို လူသေအလောင်းတွေ တွေ့ခဲ့ပြီးနောက် စုံစမ်းဖို့ အစိုးရက ညွန်ကြားရာက အခုလို တရားမဝင် လုပ်ငန်းမှာ ပါဝင်သူလို့ ယူဆရတဲ့ ထိုင်းရဲတွေကို အရေးယူ လိုက်တာ ဖြစ်ပါတယ်။
မနေ့တုန်းကပဲ လူကုန်ကူးခံရသူတွေကို ထားတဲ့ စခန်း နောက်တစ်ခုကို ထိုင်းစစ်တပ်က ထပ်မံ တွေ့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း စခန်း ၂ ခုကို တွေ့ပြီး လူသေအလောင်း ၃၀ ကျော်ကိုလည်း တူးဖော်နိုင်ခဲ့ပါတယ်။
လူကုန်ကူးမှုမှာ ထိုင်းအစိုးရ ဝန်ထမ်းတွေ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဒီကိစ္စကို အရေးတယူ အစိုးရက ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂကလည်း ဒေသတွင်းက နိုင်ငံတွေကလည်း ဒီပြဿနာကို ထိုင်းနဲ့အတူ ကူညီဖြေရှင်းကြဖို့ တောင်းဆိုထားပါတယ်။
ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က အမှန်မှာတော့ ဒီပြဿနာဟာ တခြားနိုင်ငံကနေ ရောက်ရှိလာတဲ့ ပြဿနာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ပြဿနာ မဟုတ်ဘူးလို့ ပြောပါတယ်။
လူကုန်ကူးသူတွေက ထိုင်းနိုင်ငံကို တထောက်နားတဲ့ နေရာအဖြစ်သာ အသုံးပြုတာ ဖြစ်ပြီး တကယ့်အရင်းအမြစ်ကို ရှာဖွေ ဖြေရှင်းရမှာလို့ ပြောလိုငက်ပါတယ်။
မြန်မာနိုင်ငံက လူပေါင်း သောင်းနဲ့ချီဟာ နှစ်စဉ် ထိုင်းနိုင်ငံကို သွားပြီး အလုပ်လုပ်ကြသလို တချို့ကလည်း ထိုင်းနိုင်ငံကို ဖြတ်ပြီး မလေးရှားနိုင်ငံကို ဝင်ရောက်နေကြတာ ဖြစ်ပါတယ်။
တရားမဝင် ဝင်ရောက်ရတဲ့အတွက် ခရီးစဉ် ချောမောအောင် လူကုန်ကူးသူတွေနဲ့ ထိုင်းအာဏာပိုင်တွေကို လဒ်ပေးရတာမျိုးလည်း လုပ်ရလေ့ရှိပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ထိုင်းနည်းတူ မလေးမှာလည်း လူကုန်ကူးမှုရှိနိုင်လို့ဆို
Reviewed by သစ်ထူးလွင်
on
11:10
Rating: