လေဂို့စ် မေ ၂
နိုင်ဂျီးရီးယား တပ်မတော်က နိုင်ငံအရှေ့မြောက်ပိုင်း ဘိုကိုဟာရမ် တောအုပ်ခံတပ်အတွင်းမှ အမျိုးသမီး ကြီးငယ် ၂၃၄ ဦးအား ကယ်တင် နိုင်ခဲ့ကြောင်း စနေနေ့က လူမှုရေး ဝက်ဘ်ဆိုက်ပေါ်တွင် ကြေညာထား သည်။
အဆိုပါ အမျိုးသမီးများအား ကယ်တင်နိုင်မှု အရေအတွက်သည် ယခုသီတင်းပတ်အတွင်း ၆၇၇ ဦး အထိရှိသွားပြီဖြစ်သည်ဟု တာဝန် ရှိသူများက ပြောသည်။ အခြားသော အမျိုးသမီးနှင့်ကလေး ၂၃၄ ဦးအား ကြာသပတေးနေ့က ဆမ်ဆီဆာ သစ်တောအစွန်ကော်ဝူရီနှင့်ကွန်ဒူဂါ ဒေသများမှ ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ဂျီးရီးယား စစ်ဌာနချုပ် ဝက်ဘ်ဆိုက်တွင် စနေနေ့အစောပိုင်း က ဖော်ပြသည်။
အဆိုပါ ဆမ်ဆီဆာတောအုပ် အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် အတူ မြေပြင်တပ်များဖြန့်ကြက်တိုက် ခိုက်ခဲ့ပြီးနောက် အထက်ပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ နိုင်ဂျီး ရီးယားသမ္မတ ဂွတ်လပ်ဂျိုနသန်က အဆိုပါ စစ်သွေးကြွသူပုန်များအား ယခုလအတွင်း အမြစ်ပြတ်ချေမှုန်း သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက် ခံတပ်အားလုံး နိုင်ဂျီးရီးယားတပ်မတော် သို့ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ၄င်းကပြောကြားလိုက်သည်။
(အေပီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နိုင်ဂျီးရီးယား အမျိုးသမီး ၂၃၄ ဦး ထပ်မံလွတ်မြောက်
Reviewed by သစ်ထူးလွင်
on
05:38
Rating: