ထိုင်းနိုင်ငံတွင် နိုင်ငံမဲ့ဒုက္ခသည်များအား စုံစမ်းစစ်ဆေးမှုများပြုလုပ်


ဗန်ကောက် မေ ၂၇

ထိုင်းနိုင်ငံတွင် လုံခြုံရေးတာဝန်ရှိသူများက နိုင်ငံ မဲ့ဒုက္ခသည်များနှင့် နိုင်ငံတွင်းရှိ၎င်းတို့၏ ကိုယ်စားလှယ် အဖွဲ့အစည်းများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိ သည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီး ချုပ် ယူဒေါင်းဒီ စီတဘူတာက အဆိုပါစုံစမ်းစစ်ဆေးမှုတွင် နိုင်ငံမဲ့ဒုက္ခသည်များအပါအဝင် တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လာသူများကို ထိုင်းကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့က ကင်းလှည့်စောင့်ကြည့်စစ်ဆေးမှုများ ဆက် လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မေ ၂၇ ရက်တွင် ပြောကြားသည်။

နိုင်ငံမဲ့ဒုက္ခသည်များ၏ လူမျိုးအဖွဲ့အစည်းများကို စုံစမ်းစစ်ဆေးရန်နှင့် ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက် စေရန်လည်း ထိုင်းပြည်တွင်းလုံခြုံမှု စစ်ဆင်ရေးဌာနချုပ်နှင့် ရဲတပ်ဖွဲ့တို့ကို အမိန့်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ၄င်းက ပြောကြားသည်။
''တချို့ နိုင်ငံမဲ့ဒုက္ခသည်တွေရဲ့ လူမျိုးအဖွဲ့အစည်း တွေနဲ့ ပတ်သက်ပြီး ကျွန်တော် စိုးရိမ်မိတယ်။ သူတို့ကို သေသေချာချာ စစ်ဆေးရမယ်။ သူတို့ဟာ ထိုင်းနိုင်ငံကို တရားဝင် ရွှေ့ပြောင်းလာတာဆိုရင်တော့ ဘာပြဿနာမှ မရှိဘူး။ တရားဝင်မဟုတ်ရင်တော့ အမြန်ဆုံးအရေးယူ ဖြေရှင်းပစ်ရမှာပဲ'' ဟု စစ်ဦးစီးချုပ် ယူဒေါင်းဒီ စီတဘူတာ က ပြောကြားသည်။

ရွှေ့ပြောင်းလာသည့် နိုင်ငံမဲ့ ဒုက္ခသည်များအတွက် ထိုင်းနိုင်ငံပိုင်နက်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်ခံရရှိမည်ဖြစ်သော်လည်း ယင်းပြဿနာများကို တားမြစ်သည့်အနေဖြင့် ထိုင်းအာဏာပိုင်များ၏ အရေးယူဆောင်ရွက်မှုကို ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း ၄င်းက အလေးအနက်ထား ပြောကြားသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ထိုင်းနိုင်ငံတွင် နိုင်ငံမဲ့ဒုက္ခသည်များအား စုံစမ်းစစ်ဆေးမှုများပြုလုပ်  ထိုင်းနိုင်ငံတွင် နိုင်ငံမဲ့ဒုက္ခသည်များအား စုံစမ်းစစ်ဆေးမှုများပြုလုပ် Reviewed by သစ်ထူးလွင် on 08:27 Rating: 5
Powered by Blogger.