အမ်း-မအီကားလမ်း ကုန်းအဆင်းတွင် အရှိန်မထိန်းသောယာဉ် တိမ်းမှောက်သဖြင့် သေဆုံး၊ ဒဏ်ရာရ


နေပြည်တော်၊ မေ ၁

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၃ဝ ရက်နေ့ နံနက် ၃ နာရီ ၁ဝ မိနစ်အချိန်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာအနီး အမ်း-မအီကားလမ်း၊ မိုင်တိုင်အမှတ်(၂၉/၂)၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ တပ်တောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရမ်းဗြဲမြို့မှ မြောက်ဦးမြို့သို့ ရမ်းဗြဲမြို့၊ အမှတ်(၁) သာယာကုန်းရပ်ကွက်နေ ဦးမောင်သာထွန်း(၄ဝ)နှစ်မောင်းနှင်လာသော 1G/**** LEFAN အပြာရောင် ယာဉ်သည် ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ တိမ်းမှောက်ခဲ့ကြောင်း သိရှိ ရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ရမ်းဗြဲမြို့နယ်၊ မုန်းဆိုးပြင် ကျေးရွာနေ ဦးစံဘုတ်(၆၂)နှစ်ပါ(၂၇)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့၍ အမ်းမြို့၊ ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ရမ်းဗြဲမြို့နယ်၊ ကြိမ်တန်ချောင်းကျေးရွာနေ ဒေါ်နုယိုင်ဦး(၆၅)နှစ်သည် ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားသောကြောင့် ဦးမောင်သာထွန်းအား တပ်တောင်နယ်မြေရဲစခန်းယာဉ်(ပ)၃/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/၃၃ရ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အမ်း-မအီကားလမ်း ကုန်းအဆင်းတွင် အရှိန်မထိန်းသောယာဉ် တိမ်းမှောက်သဖြင့် သေဆုံး၊ ဒဏ်ရာရ  အမ်း-မအီကားလမ်း ကုန်းအဆင်းတွင် အရှိန်မထိန်းသောယာဉ် တိမ်းမှောက်သဖြင့် သေဆုံး၊ ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 19:05 Rating: 5
Powered by Blogger.