ရိုးရာနွားအလှ၊ နွားလှည်းပြိုင်ပွဲနှင့် မြင်းစီးပြိုင်ပွဲ ကျင်းပ


မန္တလေး မေ ၂၇

ကမ္ဘာ့ပထမဆုံး ဝေရောစန ကျောက်စိမ်းစေတီတော် ထီးတော် တင်လှူပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာ နွားအလှ၊ နွားလှည်း ပြိုင်ပွဲနှင့် မြင်းစီးပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားကို မေ ၂၅ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်းမှူး ကျေးရွာတွင် တည်ထားကိုးကွယ် သည့် ဝေရောစနကျောက်စိမ်း စေတီတော်အနီးရှိ ပြိုင်ပွဲကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နွားပြိုင်ပွဲ နွားလှည်းဒုန်းအကြီး တန်း ပြိုင်ပွဲဝင် နွားအရှဉ်း ၂၅ ရှဉ်း၊ အငယ်တန်း ပြိုင်ပွဲဝင်နွား ၃၄ ရှဉ်း၊ နွားလှည်းခြေအလှအကျော့မောင်း အကြီးတန်းပြိုင်ပွဲဝင် နွား ၄၂ ရှဉ်း၊ အငယ်တန်းပြိုင်ပွဲဝင်နွား ၃၅ ရှဉ်းတို့ က မေ ၂၆ ရက်မှ ဇွန် ၅ ရက်အထိ နွားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဤကဲ့ သို့များပြားစွာ အနယ်နယ်အရပ်ရပ် က နွားပိုင်ရှင်တွေ၏ စိတ်ပါဝင်စား မှုဖြင့် အကြီးဆုံး အစည်ကားဆုံးသော နွားပြိုင်ပွဲဖြစ်ကြောင်း၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ လာ ရောက် ယှဉ်ပြိုင်မှုများကြောင့် နွား ပြိုင်ပွဲနှင့်အတူ ကျင်းပမည့် မြင်းစီး ပြိုင်ပွဲတွင်လည်း စာရင်းပေးထား သည်မှာ ၅၅ ကောင်ခန့်ရှိပြီး မြင်းစီး ပြိုင်ပွဲမှာ အကြီးတန်း လေးပေကိုး လက်မအထက်၊ လေးပေ ကိုးလက်မ အောက်၊ အငယ်တန်းပြိုင်ပွဲတို့တွင် မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရန်ကုန် တိုင်းဒေသကြီးတို့မှ လာရောက်ကာ ဇွန် ၂ ရက်မှ ၅ ရက်ထိ မြင်းပြိုင်ပွဲယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဆုကြေး ငွေများအဖြစ် နွားပြိုင်ပွဲအတွက် ငွေကျပ်သိန်းနှစ်ရာ၊ မြင်းစီးပြိုင်ပွဲ အတွက် ငွေကျပ်သိန်း ၇ဝ ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရိုးရာနွားအလှ၊ နွားလှည်းပြိုင်ပွဲနှင့် မြင်းစီးပြိုင်ပွဲ ကျင်းပ  ရိုးရာနွားအလှ၊ နွားလှည်းပြိုင်ပွဲနှင့် မြင်းစီးပြိုင်ပွဲ ကျင်းပ Reviewed by သစ်ထူးလွင် on 04:29 Rating: 5
Powered by Blogger.