ဆိုင်ကယ်နှင့်ကားချိတ်မိ တိမ်းမှောက်၍ နှစ်ဦးသေ


ကန့်ဘလူ ဧပြီ ၃ဝ

ကန့်ဘလူ-တောက်ကရှပ်လမ်း ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက် အဝင်နား၌ ဆိုင်ကယ်ကကားကို ကျော်တက်စဉ် ချိတ်မိပြီး ဆိုင်ကယ် တိမ်းမှောက်ခဲ့ရာ ဆိုင်ကယ်မောင်းနှင် သူနှင့် နောက်တွင်စီးနင်းသူနှစ်ဦး အနက်တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ ပြီး ကျန်တစ်ဦးဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောက်ကရှပ်ဘက်မှ ကန့်ဘလူဘက်သို့ ယာဉ်မောင်း ခင်မောင်တင် (၄၂ နှစ်)မောင်းနှင်လာ သော တုန်ဖုန်းထော်လာဂျီခြောက်ဘီး ကားကို ဘိုဝင်း(၄၅ နှစ်)မောင်းနှင်ပြီး နောက်မှ မနှင်းကြည်(၂၅ နှစ်)၊ မဆောင်းနှင်းဦး(၄ နှစ်)တို့လိုက်ပါ လာသော ဆိုင်ကလုန်း ZONG- SHEN ဆိုင်ကယ်က ကျော်တက် စဉ်ကားနှင့်ချိတ်မိပြီး ဆိုင်ကယ် တိမ်းမှောက်ခဲ့ရာ ဘိုဝင်းနှင့် မနှင်းကြည်တို့ရရှိသော ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး မဆောင်းနှင်းဦးမှာ ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သည်။

ခင်မောင်တင်မှာ ထွက်ပြေး တိမ်းရှောင်နေ၍ ရဲတပ်ဖွဲ့က စုံစမ်း ပိတ်ဆို့ဖမ်းဆီးလျက်ရှိကြောင်း သိရ သည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆိုင်ကယ်နှင့်ကားချိတ်မိ တိမ်းမှောက်၍ နှစ်ဦးသေ  ဆိုင်ကယ်နှင့်ကားချိတ်မိ တိမ်းမှောက်၍ နှစ်ဦးသေ Reviewed by သစ်ထူးလွင် on 04:03 Rating: 5
Powered by Blogger.