ထားဝယ် ဧပြီ ၃ဝ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အိုးလုပ် ရပ်ကွက် ရွာလယ်လမ်းတွင် ယနေ့မွန်းလွဲ ၁ နာရီ ၄ဝ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အိုးလုပ်ရပ်ကွက် ရွာလယ်လမ်းရှိ နေအိမ်တစ်အိမ်မှ ဝါယာရှော့ဖြစ်ပြီး စတင် လောင်ကျွမ်းရာ အိုးလုပ်ရပ်ကွက်နှင့် ပိန္နဲတော ရပ်ကွက်တို့မှ အိမ်ခြေ ၆၇ လုံးနှင့် အိုးလုပ်မူလတန်း ကျောင်းတို့ မီးလောင်ဆုံးရှုံးမှုဖြစ်ပွားကြောင်း သိရ သည်။
မီးလောင်ရာသို့ ထားဝယ်မြို့ မီးသတ်စခန်းမှ မီးသတ်ကားခုနစ်စီး၊ တပ်နယ်ဘက်မှတပ်မတော်သား များ၊ ပြည်သူများက မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲ တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါ မီးလောင်မှုတွင် အိမ်ခြေ ၆၇ လုံး၊ လူဦးရေ ၃ဝဝ ကျော် မီးဘေးသင့်ခဲ့ရသည်။ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ကြီးကြပ်မှုဖြင့် ထားဝယ်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
(ဖိုးရွှေသွန်း-ထားဝယ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ထားဝယ် အိုးလုပ်ရပ်ကွက်တွင် အိမ် ၆၇ လုံး မီးသင့်
Reviewed by သစ်ထူးလွင်
on
08:41
Rating:
