IS တွေ က အကျဉ်းထောင် ကို လာရောက် တိုက်ခိုက်ပြီး ၊ သူတို့ရဲ့ အဖွဲ့သား တွေ ကို လာကယ် ထုတ်သွားတာ လို့ လည်း ပြောဆိုမှု တွေ ရှိနေ |
မြို့တော် ဘဂ္ဂ ဒက် ရဲ့ အရှေ့မြောက် ဘက် ပိုင်း က အဲဒီ့ ဒေသ မှာ ထောင် သား ၅၀ ကျော် လွတ်မြောက် နေပြီး အကျဉ်းထောင် မှာတော့ အစောင့် ဝန်ထမ်း ၁၀ ဦး အပါအဝင် ထောင်သား တွေ ထဲ ကလည်း၊ အနည်းဆုံး ၃၀ လောက် သေဆုံး ကျန် ရစ် ခဲ့ပါတယ်။
တချို့ သတင်းတွေ အရ ထောင်ဆူမှု ဖြစ်ပေါ် ခဲ့ပြီး အကျဉ်းသား တချို့ဟာ အစောင့်တွေ ရဲ့ လက်နက် တွေ ကို လုယူ ထွက် ပြေး သွား ခဲ ကြတယ် လို့ ဆိုပါတယ်။
ဒေသခံ တွေ ထဲ က ပြောနေ တာ ကတော့ အစ္စလာမ်စ် လက်နက် ကိုင် IS တွေ က အကျဉ်းထောင် ကို လာရောက် တိုက်ခိုက်ပြီး သူတို့ရဲ့ အဖွဲ့သား တွေ ကို လာကယ် ထုတ်သွားတာ လို့ လည်း ပြောဆိုမှု တွေ ရှိနေပါတယ်။
BBC Burmese
http://www.bbc.com/burmese
အီရတ်နိုင်ငံမှာ ထောင် သား ၅ဝ ကျော် လွတ်မြောက် နေ
Reviewed by သစ်ထူးလွင်
on
08:01
Rating: