ဓါတ်ပုံ - မိုးကောင်းသတင်းဇုံ
ခရီးသည်တင်ယာဉ် တိမ်းမှောက်၍၂၁ ဦးဒဏ်ရာရ
ရန်ကုန်မြို့မှ မြစ်ကြီးနားဘက်သို့ ယာဉ်မောင်း ဦးစန်းလွင်မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးကျော်စိုးနှင့်ခရီး သည် ၄၄ ဦးစီးနင်း လိုက်ပါလာသည့် 6D/.......... နံပါတ်ပါ ခရီးသည်တင် အပြာရောင်မှန်လုံ မော်တော်ယာဉ်သည် ယခုလ ၂၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က ကချင်ပြည်နယ် မိုးကောင်း မြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်း မိုင်တိုင်အမှတ် ၂၅၁/၄နှင့်၂၄၁/၅ အကြားသို့အရောက် အရှိန်မထိန်းနိုင်သဖြင့် တိမ်း မှောက်ရာ ယာဉ်ပေါ်ပါခရီးသည် ၂၁ ဦးဒဏ်ရာရရှိခဲ့သည်။
ယာဉ်တိမ်းမှောက်ရာသို့ တာဝန်ရှိသူများ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ကာ ဒဏ်ရာရရှိသူ ၁၂ ဦးကို မိုးကောင်း မြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ဒဏ်ရာရရှိသူ ၉ ဦးကို မြစ်ကြီးနားမြို့ရှိ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးသို့လည်းကောင်း ဆေးကုသမှုခံယူစေခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်မောင်း ဦးစန်းလွင်(၅၃)နှစ်ကို မိုးကောင်းမြို့နယ် မြို့မရဲစခန်းက ယာဉ်(ပ)၁ဝ/၂ဝ၁၅ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၃၈ အရအမှု ဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
ဝင်းအောင်
The Union Daily
http://uniondaily.net
မိုးကောင်း မြို့နယ်အတွင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်၍၂၁ ဦးဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
22:05
Rating: