ဖမ်းထားတဲ့ သင်္ဘော အီရန်ပြန်လွှတ်


 သီတင်း တပတ်ကျော်ကြာ ဖမ်းဆီးခံထားရတဲ့ မြန်မာ သဘောင်္သားတွေ ပါဝင်တဲ့ Maersk Tigris ကုန်တင်သဘောင်္ကို အီရန်တို့ ပြန်လွှတ်ပေးလိုက်ပြီလို့ အီရန် နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး အီရန်ပြည်တွင်း သတင်းတွေ က ရေးသားဖော်ပြကြ ပါ တယ်။ မြန်မာနိုင်ငံ ရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနဘက်ကလည်း ဒီသတင်းကို အတည်ပြုပြီး သဘောင်္နဲ့အတူ သဘောင်္ဝန်ထမ်းတွေပါ လွတ်မြောက် လာပြီ ဖြစ်ကြောင်းနဲ့ မြန်မာ သဘောင်္သားတွေ ကျန်းမာရေး အခြေအနေ ကောင်း မွန်ပြီး မိသားစုနဲ့လည်း အဆက်အသွယ် ရှိတယ်လို့ ပြောဆိုပါတယ်။ အသေးစိတ်ကို
မသိင်္ဂီထိုက်က စုစည်းတင်ပြပေးပါမယ်။

အီရန်နိုင်ငံက သတင်းတပတ်ကျော်ကြာ ဖမ်းဆီးထားတဲ့ Marshall Island အလံတင် ကုန်တင် သေဘာၤ Maersk Tigris ကုန္တင္သေဘာၤကို ကြာသပတေးနေ့ မှာ အီရန် ရေပိုင်နက် အတွင်းကနေ ပြန်ပြီး ထွက်ခွာခွင့်ပေးလိုက်ပြီ ဆိုပြီး အီရန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတွေကို ကိုးကားပြီး အီရန် သတင်းအေဂျင်စီတွေ ဖြစ်ကြတဲ့ Iran Students News Agency (ISNA) နဲ့ အီရန်နိုင်ငံပိုင် သတင်းဌာန IRNA က ဖော်ပြကြပါတယ်။

အီရန်တို့ ဖမ်းဆီးထားတဲ့ သဘောင်္ပေါ်မှာ လိုက်ပါခဲ့တဲ့ သဘောင်္ဝန်ထမ်း ၂၄ ဦးတို့ထဲမှာ မြန်မာ သဘောင်္သား ၁၃ ဦးတို့လိုက်ပါခဲ့တာဖြစ်ပါတယ်။ သဘောင်္နဲ့ အတူ သဘောင်္သားတွေ အားလုံး အီရန်ရေပိုင်နက်ထဲကနေ ထွက်ခွာနေပြီဆိုတာကို မြန်မာ ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန သဘောင်္သားဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က အတည်ပြု ပြောပါတယ်။

"ကျနော်လည်း ခုနတုန်းကမှ အဲဒီသတင်းရတယ်ခင်ဗျ။ ပြန်လွတ်သွားပြီလို့ သတင်းရပါတယ်။ ကုမ္ပဏီ ကတော့ အဲဒီ သတင်း ကျနော်တို့ဆီ မရောက်လာသေးပါဘူး။ အပြင်သတင်းအရတော့ ရပါပြီ။"

အီရန်ဘက်က ဖမ်းထားတဲ့ သဘောင်္ ပြန်လွှတ်လိုက်ပြီ ဆိုတာကို ကမ္ဘာ့ အကြီးဆုံး ကုန်တင်သဘောင်္ လိုင်း ဒိန်းမတ်နိုင်ငံရဲ့Maersk သဘောင်္လိုင်းကို စီမံခန့်ခွဲနေတဲ့ Rickmers Shipmanagement ကလည်း ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အခုဆိုရင် အမေရိကန် အလံတင် သေဘာၤ Maersk Tigris သေဘာၤဟာ အီရန္လက္က လွတ်မြောက်ပြီး သူ့ရဲ့ မူလ ခရီးစဉ်ကို ပြန်လည် စတင်နိုင်ခဲ့ပြီ ဖြစ်တဲ့အကြောင်းနဲ့ သဘောင်္ဝန်ထမ်းအားလုံးတို့ဟာလည်း ကျန်းမာရေး ကောင်းမွန်တဲ့ အကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

သဘောင်္ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ သဘောင်္ဝန်ထမ်းတွေ အနေနဲ့လည်း အခုလို အခက်အခဲ ကြုံခဲ့ရတဲ့ အခြေအနေမှာ စိတ်အေးလက်အေးထားပြီး အခြေအနေကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ခဲ့ကြတဲ့ အပေါ် Rickmers Groups က ကျေးဇူးတင် ရှိပါကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သဘောင်္ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ သဘောင်္ဝန်ထမ်းတွေထဲမှာဗြိတန်၊ ဘူလ် ဂေးရီးယား နဲ့ ရိုမေးနီးယားနိုင်ငံသားတွေနဲ့ အတူ မြန်မာနိုင်ငံသားတွေလည်း ပါရှိခဲ့တာပါ။ ဒီမြန်မာနိုင်ငံသားတွေ အတွက် လိုအပ်တဲ့ အကူအညီတွေ ကို မြန်မာ့ ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနဘက်ကလည်း ကူညီပေးသွားမယ်လို့လည်း ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောပါတယ်။

"SRPS ကုမ္ပဏီ ခေါ်ပါတယ် UNITEAM ကုမ္ပဏီက Maersk လိုင်းက သဘောင်္ကို Charter ငှားပြီး ဆွဲတာပါ ခင်ဗျ။ အဲဒါကြောင့် အဲဒီ သဘောင်္မှာ ရှိတဲ့ အခု အီရန်က ဖမ်းတယ်ဆိုတာကလည်း ကျနော်တို့ သဘောင်္ကို ဖမ်းတာ ဖြစ်ပေမယ့် သဘောင်္သားတွေ သဘောင်္ပေါ်မှာ ရှိတဲ့သူတွေက လွတ်လပ်ခွင့် ရှိပါတယ်။ အဲတော့ သဘောင်္သားတွေကလည်း ကျနော်တို့ သိသလောက် ဆိုရင် အိမ်တွေနဲ့လည် အဆက်အသွယ် ရပါတယ်။ အစားအသောက်ရော လစာရော ဘာမှ မဖြတ်ပါဘူး။ အဲတော့ ဒီကုမ္ပဏီနဲ့ သူတို့ ဒီ Maersk လိုင်း ကုမ္ပဏီနဲ့ အီရန် အစိုးရကြား အဆင်ပြေတယ်ဆိုရင် ဒီ ကျနော်တို့ UNITEAM ကုမ္ပဏီနဲ့ ကျနော်တို့ Charter လုပ်ငန်း ဆက်ပြီး ဆောင်ရွက်မှာပါ။

အဲဒီတော့ သဘောင်္သားတွေက ဒီလုပ်ငန်းပေါ်မှာ ခုနက ပြောတဲ့ဟာပေါ်မှာ မူတည်ပြီးတော့မှ တကယ်လို့ သေဘာၤသားက ဟို သေဘာၤက သူတို့ ဆက်ပြီး Charter Run ဖို့ ဆက်ပြီး ရှိပါလိမ့်မယ်။ တကယ်လို့မှ သူတို့ သဘောင်္သားတွေရဲ့ ဆန္ဒအရ ပြန်ချင်တဲ့ ဆန္ဒရှိရင်လည်း ဒါ သူတို့ UNITEAM ကုမ္ပဏီက စီစဉ်ပေးပါလိမ့်မယ်။ ဒါက ကုမ္ပဏီ အနေနဲ့ ဆောင်ရွက်မယ့် ကိစ္စပါ။ တကယ်လို့များ ကျနော်တို့ ဌာနကို ကုမ္ပဏီ အနေနဲ့ လိုအပ်တာတွေ အကူအညီတောင်းလာရင် ကျနော်တို့ ကူညီဆောင်ရွက်ပေးပါမယ်ခင်ဗျ။"

အီရန် ကုမ္ပဏီ တခုနဲ့ ဒိန်းမတ်နိုင်ငံက Maersk သဘောင်္လိုင်းတို့ကြား တရားတဘောင် ကိစ္စကြောင့် ဖမ်းဆီးခံရတဲ့ Maersk သဘောင်္လိုင်းပိုင် Maersk Tigris ကုန်တင် သဘောင်္ကို ပါရှန်းပင်လယ်ကွေ့ Hormuz ရေလက်ကြား မှာ ပြီးခဲ့တဲ့ သတင်းပတ်က အီရန်တို့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ဖမ်းခံခဲ့ရတဲ့ Maersk Tigris ကုန်တင်သဘောင်္ကို ဒိန်းမတ် Maersk သဘောင်္လိုင်းက လတ်တလော စီမံခန့်ခွဲနေတာ မဟုတ်ဘဲ တခြား ကုမ္ပဏီ တခုကို ငှားယမ်းထားတာဖြစ်ပြီး Marshall Island အလံတင်ထားတဲ့ ကုန်တင်သဘောင်္လည်းဖြစ်ပါတယ်။

အီရန် ကုမ္ပဏီ တခုနဲ့Maersk Tigris သဘောင်္ရဲ့ ပိုင်ရှင် Maersk သဘောင်္လိုင်း ကြား ငွေကြေး အပေးအယူ ကိစ္စ နဲ့ ပတ်သက်လို့တော့ အီရန်ဘက်ကရော ကုမ္ပဏီဘက်ကပါ ထုတ်မပြောသေးပါဘူး။ ပြီးခဲ့တဲ့ သတင်းပတ်က အီရန်တို့က Marshall Island အလံတင် သဘောင်္ကို ဖမ်းဆီးလိုက်တာကြောင့် Hormuz ရေလက်ကြားကို ဖြတ်တဲ့ အမေရိကန် အလံတင် သဘောင်္တွေကို အမေရိကန် ရေတပ်က လိုက်ပါစောင့်ရှောက်မှုကိုလည်း စတင်ခဲ့တာပါ။

သဘောင်္ရေကြောင်း လုံခြုံရေးကို တာဝန်ယူထားတဲ့ အီရန်တို့ဘက်ကတော့ အခု ဖမ်းဆီးမှုဟာ အီရန် ရေပိုင်နက် အတွင်း အီရန်ရဲ့ တရားဥပဒေကြောင်းအရ ဖမ်းဆီးခဲ့တာသာ ဖြစ်ပြီး နိုင်ငံရေးအရရော လုံခြုံရေးအရရော မဟုတ်ရပါဘူးဆိုပြီး အီရန်တာဝန်ရှိသူတွေက ခုခံ ပြောဆိုခဲ့ကြပါတယ်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဖမ်းထားတဲ့ သင်္ဘော အီရန်ပြန်လွှတ်  ဖမ်းထားတဲ့ သင်္ဘော အီရန်ပြန်လွှတ် Reviewed by သစ်ထူးလွင် on 21:55 Rating: 5
Powered by Blogger.