၁၃၂ ကေဗွီ ပင်းပက်-ကလော အမှတ်(၁)ဓာတ်အားလိုင်း တိုင်အမှတ် (၁၄၄) Z2 Suspension တာဝါတိုင် လေပြင်းတိုက်ခိုက်၍ ပြိုလဲပျက်စီးခဲ့မှုကို ပြုပြင်ဆောင်ရွက်နေ
နေပြည်တော် ဧပြီ ၁၄
ဧပြီ (၁၃)ရက် မွန်းလွဲ (၂)နာရီကျော်ခန့်တွင် ၁၃၂ ကေဗွီ ပင်းပက်-ကလော အမှတ်(၁) ဓာတ်အားလိုင်း ဖြတ်သန်းတည်ရှိရာ တောင်ကြီးမြို့နယ်၊ တောင်ကြီးမြို့၊ မီးပုံးပျံ ကွင်း အနီးရှိ တိုင်အမှတ် (၁၄၄) Z2 Suspension တာဝါတိုင်သည် မိုးသက်လေပြင် တိုက်ခတ်၍ ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
တာဝါတိုင် ပြိုလဲပျက်စီးမှုကြောင့် နမ့်စန်ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ထားရှိသည့် နမ့်စန်၊ ခိုလမ်၊ လွိုင်လင်နှင့် မိုးနဲမြို့နယ်များ ယာယီဓာတ်အား ပြတ်တောက်ခဲ့ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာ၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးအောင်ဇော်ဦးနှင့် နမ့်စန် မဟာဓာတ်အားလိုင်းမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်ဝေ ဦးစီးအင်အား (၃၅)ဦးဖြင့် ၁၃၂ ကေဗွီ ပင်းပက် - ကလော အမှတ် (၂) ဓာတ်အားလိုင်းမှ ဓာတ်အားပြောင်းလဲ ပို့လွှတ်နိုင်ရေး အမြန်စီစဉ် ဆောင်ရွက်ခဲ့ရာ ညနေ (၃)နာရီခွဲခန့်တွင် နမ့်စန်၊ ခိုလမ်၊ လွိုင်လင်နှင့် မိုးနဲ မြို့နယ်များသို့ ဓာတ်အားပြန်လည် ပို့လွှတ်နိုင်ခဲ့သည်။
ပြိုလဲပျက်စီးခဲ့သည့် တာဝါတိုင်းအမှတ် (၁၄၄) Z2 Suspension တိုင် အစားထိုး တည်ဆောက် တပ်ဆင်ခြင်း လုပ်ငန်းများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကွပ်ကဲ မှုအောက်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန၊ ဓာတ်အား စနစ်ဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ရဲမြင့် ဦးစီးပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သတင်းရရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
၁၃၂ ကေဗွီ ပင်းပက်-ကလော အမှတ်(၁)ဓာတ်အားလိုင်း တိုင်အမှတ် (၁၄၄) Z2 Suspension တာဝါတိုင် လေပြင်းတိုက်ခိုက်၍ ပြိုလဲပျက်စီးခဲ့မှုကို ပြုပြင်ဆောင်ရွက်နေ
Reviewed by သစ်ထူးလွင်
on
19:03
Rating: