White card သမားတွေကို မဲပေးခွင့်ပြုမယ့်အပေါ် ဆန္ဒပြကြရာက white card ကို ဖျက်သိမ်း (Credit: Audience Submitted) |
ရိုဟင်ဂျာတွေရဲ့ လက်ထဲကနေ whitecard တွေကို သိမ်းဆည်းရာကနေ ဘာလက်မှတ်မှ ပြန်မထုတ်ပေးပဲ အထောက်အထားမဲ့ ချန်ထားမှာကို ကုလသမဂ္ဂက စိုးရိမ်နေပါတယ်။
Whitecard တွေရဲ့ သက်တမ်းက မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမယ်လို့ သမ္မတ ဦးသိန်းစိန်က ရုတ်တရက် ကြေညာပြီးတဲ့နောက် ရခိုင်ပြည်နယ်မှာ အဲဒီ လက်မှတ်တွေကို လိုက်လံ သိမ်းဆည်းနေတာ ဖြစ်ပါတယ်။
ဒုက္ခသည် စခန်း ၁၁ ခုမှာ နေထိုင်တဲ့ လူတွေရဲ့ ယာယီသက်သေခံ လက်မှတ်ကို လိုက်သိမ်းတာဖြစ်ပြီး ဘယ်နှစ်ခု ရရှိသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
Whitecard ကို သားစဉ်မျိုးဆက် ကိုင်ဆောင်လာကြပြီး အဲဒီ လက်မှတ် ကိုင်ဆောင်သူတွေ မဲပေးပိုင်ခွင့် ရရှိလာခဲ့ပါတယ်။
ဒါပေမဲ့လည်း ဖေဖော်ဝါရီလတုန်းကပဲ whitecard ကိုင်သူတွေကို မဲပေးခွင့်ပြုမယ်လို့ ကြေညာခဲ့ပြီး ဆန့်ကျင်မှုတွေ များလာပြီးနောက် သမ္မတက whitecard ကို ဖျက်သိမ်းဖို့ ရုတ်တရက် ကြေညာလိုက်တာ ဖြစ်ပါတယ်။
Whitecard ကို သိမ်းပြီး ဘာတွေ ထုတ်ပေးမလဲ ဆိုတာ မသိရသေးတဲ့အတွက် ဒီလူတွေကို ဘာလက်မှတ်မှ ထုတ်မပေးတော့မှာကိုလည်း စိုးရိမ်နေကြပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စရန်ဟီလီကတော့ ရိုဟင်ဂျာတွေ လက်မှတ်မဲ့ ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်၊ မဲထည့်ခွင့် မရမှာကို စိုးရိမ်ကြောင်း ပြောခဲ့ဖူးပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
white card သိမ်းတဲ့အပေါ် စိုးရိမ်နေကြ
Reviewed by သစ်ထူးလွင်
on
09:40
Rating: