NCAA ဘတ်စကက်ဘောပြိုင်ပွဲမှ ပြန်လာသည့် ကိုယ်ပိုင်လေယာဉ်ပျက်ကျ


ဘလွမ်းမင်တန် ၊ ၉-၄-၂၀၁၅

အမေရိကန် ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ် အင်ဒီယာနာ ပိုလစ်မြို့ ၌ ကျင်းပသော NCAA ဘတ်စကက် ဘောပြိုင်ပွဲမှ ပြန်လာသည့် ကိုယ်ပိုင် လေယာဉ်ငယ် တစ်စင်း သည် အီလီနွိုက်စ် ပြည်နယ် ဘလွမ်းမင်တန် မြို့၌ ပျက်ကျခဲ့ရာ အီလီနွိုက်စ် တက္ကသိုလ် ဘတ်စကက်ဘော အသင်းနည်းပြ နှင့် တက္ကသိုလ် အားကစားဌာန လက်ထောက် ညွှန်ကြားရေးမှူး တို့အပါအဝင် ခုနစ်ဦးစလုံး အသက်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် ဧပြီ ၇ ရက်က အင်ဒီယာနာပိုလစ် လေဆိပ်မှ ပျံသန်း လာပြီးနောက် ဘလွမ်းမင်တန် လေဆိပ်သို့ မရောက်မီ နှစ်မိုင်ခွဲခန့် အလိုတွင် ပဲပုပ်စိုက်ခင်း အတွင်းသို့ ထိုးကျခဲ့ခြင်း ဖြစ်ကြောင်းနှင့် ခရီးသည် အားလုံး အသက်ဆုံးရှုံး ခဲ့ရကြောင်း မက္ကလင်း စီရင်စုမှ တာဝန်ရှိသူ ဂျွန်ဆန်းဒေ့ခ်ျ က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

သေဆုံးသူ အားလုံးတို့သည် ၄င်းတို့၏ ထိုင်ခုံများတွင် ခါးပတ်များ ပတ်လျက် သေဆုံး နေကြကြောင်း သေမှုသေခင်း စုံစမ်းရေး အရာရှိ ကက်သလင်းဒေးဗစ် က ဖြည့်စွက် ပြောကြားသည်။

အဆိုပါ လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ အမျိုးသား ပို့ဆောင်ရေး လုံခြုံရေး ဌာနက စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိသော်လည်း လေယာဉ် ပျက်ကျရသည့် အကြောင်းရင်း ကိုမူ မသိရှိ သေးကြောင်း သိရသည်။

ယင်း သေဆုံးသူ များတွင် အီလီနွိုက်စ် ဝက်စ်လီယန် တက္ကသိုလ် ဘတ်စကက်ဘော နှင့် ဘေ့စ်ဘော လက်ရွေးစင် ဟောင်းနှင့် လက်ရှိတွင် ဝဲလ်စ်ဖာဂို အသင်း အကြံပေး အဖြစ် ဆောင်ရွက်နေသူ ဂျေဆန်ဂျူန်းစ် လည်း ပါဝင်ခဲ့ကြောင်း ၄င်း၏ ဇနီးက အတည်ပြု ပြောကြားသည်။

PyiChitThar
http://www.pyichitthar.com
NCAA ဘတ်စကက်ဘောပြိုင်ပွဲမှ ပြန်လာသည့် ကိုယ်ပိုင်လေယာဉ်ပျက်ကျ  NCAA ဘတ်စကက်ဘောပြိုင်ပွဲမှ ပြန်လာသည့် ကိုယ်ပိုင်လေယာဉ်ပျက်ကျ Reviewed by သစ်ထူးလွင် on 18:55 Rating: 5
Powered by Blogger.