ဆူပါမုန်တိုင်း Maysak ဟာ တနာရီကို ပြင်းအား ၂၅၀ ကီလိုမီတာနဲ့ Micronesia နိုင်ငံထဲကို ဝင်ရောက်ခဲ့ပါတယ်။
Micronesia နိုင်ငံထဲက Yap နိုင်ငံကို မုန်တိုင်း အဆင့် ၅ လောက်ရှိတဲ့ မုန်တိုင်းက ဝင်ရောက်ခဲ့တာပါ။
အင်္ဂလန်နိုင်ငံဟာ ဗြိတိန်နိုင်ငံထဲ ပါဝင်သလို Yap ဟာလည်း Micronesia နိုင်ငံထဲ ပါဝင်တယ်လို့ သိရပါတယ်။
Yap နိုင်ငံ Fais နဲ့ Ulithi ဒေသကို မုန်တိုင်းဝင်ရောက်ခဲ့တာ ဖြစ်ပြီး အခုအချိန်အထိတော့ သေဆုံးမှုတွေ ရှိမရှိ မသိရသေးပါဘူး။
အဲဒီ မုန်တိုင်းဟာ အနီးအနားက လူပေါင်း ၅ သောင်းလောက် နေထိုင်တဲ့ Chuuk နိုင်ငံထဲကို တနင်္ဂနွေနေ့က ဝင်ရောက်ခဲ့ပြီး အနည်းဆုံး လူ ၄ ယောက် သေဆုံးခဲ့ရပါတယ်။
စိုက်ပျိုးခင်းတွေ အများအပြား ပျက်စီးနေတယ်လို့လည်း ဆိုပါတယ်။
အခုအချိန်အထိ ဖုန်းတွေ၊ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
Maysak မုန်တိုင်းဟာ ဒီရက်ပိုင်းအတွင်း ဖိလစ်ပိုင်နိုင်ငံဆီကို ဦးတည် နေပေမယ့် အရှိန်လျော့နည်းလာမယ်လို့ ခန့်မှန်းနေကြပါတယ်။
ဒီလာမယ့် တနင်္ဂနွေနေ့ကျရင် ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းကို ဝင်ရောက်ဖို့ရှိပြီး မုန်တိုင်း အဆင့် ၁ လောက်သာ ပြင်းထန်တော့မယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ဟိုင်ရန်မုန်တိုင်း ဝင်ရောက်ခဲ့လို့ လူပေါင်း ခုနှစ်ထောင်ကျော် သေဆုံးခဲ့ရပါတယ်။
အခုတခါ ပစိဖိတ်ဒေသကို ဝင်ရောက်ခဲ့တဲ့ Maysak မုန်တိုင်းအပါအဝင် ဒီနှစ်အတွင်း ပစိဖိတ်အနောက်ပိုင်းကို မုန်တိုင်းအဆင့် ၅ ရှိတဲ့ မုန်တိုင်းကြီးတွေ ဝင်ရောက်တာ သုံးခါရှိသွားပြီ ဖြစ်ပါတယ်။
Maysak မုန်တိုင်းက မြန်မာနိုင်ငံကိုလည်း ဝင်ရောက်နိုင်တယ်လို့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောဆိုမှုတွေ ရှိပေမယ့် မြန်မာနိုင်ငံအထိ ဝင်ရောက်ဖို့ အလားအလာမရှိဘူးလို့လည်း အခုလောလောဆယ် သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
Maysak မုန်တိုင်း Yap နိုင်ငံကို ဝင်ရောက် ဖိလစ်ပိုင်ကို ဦးတည်
Reviewed by သစ်ထူးလွင်
on
09:26
Rating: