IS ကို အီရတ်တိုက်ခိုက်မှု တိုးတက်လာကြောင်း အမေရိကန် ဒု-သမ္မတ ပြော


အိုင်အက်စ် လက်နက်ကိုင်အဖွဲ့အပေါ် အီရတ်နိုင်ငံက ဆန့်ကျင်တိုက်ခိုက်နေမှုမှာ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာကြောင်း အမေရိကန် ဒု-သမ္မတ Joe Biden က ထုတ်ဖော်ပြောကြားသွားပါတယ်။

ဝါရှင်တန် အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ် မစ္စတာ Biden က အီရတ်နိုင်ငံမှာ အိုင်အက်စ်အဖွဲ့ရဲ့ အရှိန်အဟုန်ကို တားဆီးနိုင်ခဲ့ပြီး လူစုရုံးခွင့်နဲ့ လှုပ်ရှားခွင့်တွေကိုလည်း လျှော့ချ တားဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ရှေ့ဆက် နောက်ထပ်အချိန်ယူရအုံးမှာ ဖြစ်တယ်လို့ ၀န်ခံပြောကြားသွားပြီး အီရတ်ခေါင်းဆောင်တွေ အနေနဲ့ ဒီအခြေအနေ ရောက်အောင် တွန်းပို့ခဲ့တဲ့ နိုင်ငံရေးအရ အရေးပါမှုကိုတော့ မေ့မသွားစေချင်ဘူးလို့ မစ္စတာ Biden က တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
IS ကို အီရတ်တိုက်ခိုက်မှု တိုးတက်လာကြောင်း အမေရိကန် ဒု-သမ္မတ ပြော IS ကို အီရတ်တိုက်ခိုက်မှု တိုးတက်လာကြောင်း အမေရိကန် ဒု-သမ္မတ ပြော Reviewed by သစ်ထူးလွင် on 15:21 Rating: 5
Powered by Blogger.