Blog ကိုလူကြည့်များအောင် သားကိုသတ်တဲ့မိခင် ထောင်နှစ် ၂၀ ကျ


 နယူးယောက်မြို့က ​အသက် ​၂၇ ​နှစ်အရွယ် ​အမျိုးသမီးဟာ ​သူ့ရဲ့ ​ဘလော့(blog) ​ကို ​လူတွေ ​အကြည့်များအောင် ​သားဖြစ်သူကို ​တမင်တကာ ​ဖျားနာအောင် ​လုပ်ပြီး ​သေတဲ့အထိ ​လုပ်ဆောင်ခဲ့တဲ့အတွက် ​ထောင်ဒဏ် ​နှစ် ​၂၀ ​ချမှတ် ​ခံနေရပါတယ်။

သားဖြစ်သူဟာ ​တစ်ခုပြီး ​တစ်ခု ​ခံစားနေရတဲ့အတွက် ​ဆေးကုသမှု ​ခံယူနေရပြီဆိုတဲ့ ​ကျန်းမာရေး ​ဖြစ်စဉ်တွေကို ​မိခင်ဖြစ်သူ ​Lacey ​Spears ​က ​ရေးပြီး ​လူတွေ ​သူ့ရဲ့ ​ဘလော့ ​အပေါ် ​စိတ်ဝင်စားအောင် ​ဖန်တီးခဲ့တာလို့ ​ဆိုပါတယ်။

သာမာန် ​ကလေးတစ်ယောက်ကို ​နေမကောင်းအောင်လုပ်ပြီး ​ဆေးရုံ ​တင်ထားရတဲ့ ​ပုံတွေကို ​တင်ခဲ့သလို ​နောက်ပိုင်းမှာတော့ ​drip ​ပြွန်ထဲမှာ ​ဆားတွေ ​အဆမတန်ထည့်တဲ့အတွက် ​သေစေတဲ့အထိ ​ဖြစ်ခဲ့တယ်လို့ ​ဆိုပါတယ်။

တရားလိုဘက်က ​ထောင်ဒဏ် ​၂၅ ​နှစ်ပေးဖို့ ​တောင်းဆိုထားပေမယ့် ​တရားသူကြီးကတော့ ​အဲဒီ ​အမျိုးသမီးက ​သူ့သားကို ​မပေးခဲ့တဲ့ ​သနားညာတာမှုကို ​ပေးပြီး ​ကြင်နာမှုကို ​ပြသပညာပေးတဲ့အနေနဲ့ ​အနှစ် ​၂၀ ​သာ ​ထောင်ဒဏ် ​ချမှတ်တာ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

ဒီအမျိုးသမီးဟာ ​စိတ်ကျန်းမာရေး ​ချို့တဲ့မှု ​တမျိုးကို ​ခံစားနေရတာလို့လည်း ​ပြောလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Blog ကိုလူကြည့်များအောင် သားကိုသတ်တဲ့မိခင် ထောင်နှစ် ၂၀ ကျ  Blog ကိုလူကြည့်များအောင် သားကိုသတ်တဲ့မိခင် ထောင်နှစ် ၂၀ ကျ Reviewed by သစ်ထူးလွင် on 11:37 Rating: 5
Powered by Blogger.