နေပြည်တော် ဧပြီ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ စွမ်စော်ရပ်ကွက် ပင်လုံ(၅)လမ်းရှိ မြဝတီဘဏ်ခွဲအား ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် လက်နက်ကိုင် နှစ်ဦးက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည်။
ထိုသို့ပစ်ခတ်မှုကြောင့် မြေညီ ထပ်၊ ပထမထပ်နှင့် ဒုတိယထပ်ရှိ ဘဏ် ရှေ့မျက်နှာစာမှန်များတွင် လက်နက်ငယ်ကျည်များ ထိမှန်ပြီး ဘဏ်ကောင်တာမှ မှန်များနှင့် အဝင်တံခါးမှန် နှစ်ချပ်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရမှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်အားစိစစ်ရာ မတ် ၁၉ ရက်နှင့် ၂ဝ ရက်များတွင် မူဆယ်မြို့ရှိ ဘဏ်များသို့ ဆက်ကြေး ကောက်ခံရန် ခြိမ်းခြောက်စာများ ပေးပို့ခဲ့ပြီး နောက် ယခုကဲ့သို့ နှောင့်ယှက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တရားခံ များ ဖော်ထုတ်ဖမ်းဆီးရမိရေး အတွက် တပ်မတော်စစ်ကြောင်း များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အရေးကြီးနေရာများနှင့် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း သတင်း ရရှိသည်။
(မြဝတီ)
https://www.facebook.com/mwdmedia
မူဆယ်မြို့ရှိ မြ၀တီဘဏ်ခွဲအား လက်နက်ကိုင်နှစ်ဦးက လာရောက်ပစ်ခတ်မှုဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
04:20
Rating: