အမျိုးသားလွှတ်တော်က ဆွေးနွေးအတည်ပြုပြီး ပြည်သူ့ လွှတ်တော်ကို ပေးပို့ထားတဲ့ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်တဲ့ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီက လေ့လာတွေ့ ရှိချက် အစီရင်ခံစာကို လွှတ်တော်မှာ ဒီကနေ့ တင်သွင်း ခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေး မှူး ဦးစောလှထွန်းက ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ တာဖြစ်ပါတယ်။
"အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂ များနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာ တက္ကသိုလ်နဲ့အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင် လှုပ်ရှားခွင့်ဆိုတဲ့ဟာကို ပြဌာန်းထားကြောင်း ဖြည့်စွက်ရှင်းလင်းတင်ပြလိုပါတယ်၊ နိုင်ငံတော်ရဲ့ ပညာရေး အသုံးစရိတ်ကို နိုင်ငံအသုံးစရိတ်ရဲ့ ၂ဝ ရာခိုင်နှုန်းအထိ ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားရှိ ဆောင်ရွက် ရမည်ဟု ပြင်ဆင်ပါတယ်"
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားတဲ့အချက်တွေထဲမှာ အခြေခံပညာအဆင့်မှာ တိုင်းရင်း သားဘာသာစကားကို မြန်မာဘာသာစကားနဲ့အတူ စာသင်ခန်းသုံးဘာသာစကားအဖြစ် အသုံးပြု နိုင်တယ်လို့ ပါရှိသလို ဆက်လက်ပညာသင်ကြားမှုမပြုနိုင်တဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး သင့်လျော်တဲ့ ပညာသင်ကြားမှုရရှိစေရေးအတွက် လိုအပ်တဲ့အစီအမံများ သတ်မှတ်ထားပေးဖို့ဆိုပြီး ဖြည့်စွက်ထားပါတယ်။
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ပေးပို့ထားတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တာ် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပြင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်ဥက္ကဌတွေနဲ့ အတွင်းရေးမှူးတွေ၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်တွေ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဥပဒေကြမ်းကော်မတီနဲ့ ၃ ရက်ကြာ ဆွေးနွေးခဲ့ကြပြီး ဒီကနေ့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဥပဒေကြမ်းကို ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဧပြီလ ၅ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးပို့ကြဖို့ကိုလည်း ဒီနေ့ အသိပေးထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပညာရေး ဥပဒေပြင်ဆင်ရေး အစီရင်ခံစာ ပြည်သူ့လွှတ်တော်မှာ တင်သွင်း
Reviewed by သစ်ထူးလွင်
on
22:20
Rating: