ပေါက် ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် အမှတ်(၂)ပေါက်တံတား(ရေပြာ)၌ ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းတွင် ခြောက်ဘီး မော်တော်ယာဉ်တစ်စီးက တံတားလက်ရန်း ကို ဝင်တိုက်မိ၍ပြုတ်ကျကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ကြောင်း ရေပြာနယ်မြေ ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ ခန့်က ပေါက်မြို့နယ် ရေပြာနယ်မြေရဲစခန်း၌ တာဝန်မှူး ဒုရဲအုပ်တင်လင်း တာဝန်ထမ်းဆောင်စဉ် အမှတ်(၂)ပေါက်တံတား(ရေပြာ)၌ မော်တော်ယာဉ်တစ်စီး ပြုတ်ကျ တိမ်းမှောက်ကြောင်း သတင်းရရှိ၍ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်း ဦးဆန်းဝင်း (၃၇ နှစ်) စိန်ပန်းကုန်းကျေးရွာ သဲကြီးကုန်းကျေးရွာအုပ်စု ဆိပ်ဖြူမြို့နယ်သည် မ/---- မှန်ထောင် ခေါင်းစိမ်း ခြောက်ဘီးမော်တော်ယာဉ်အား လူလေးဦး တင်ဆောင် လျက် ပခုက္ကူ မှ ရေပြာ-ဆိပ်ဖြူမြို့နယ်သို့ မောင်းနှင်လာစဉ် တံတားတိုင်အမှတ် M-3 နှင့် M-4 ကြား၊ တံတားယာဘက် လက်ရန်းကို ဝင်တိုက်မိပြီး ပြုတ်ကျတိမ်းမှောက်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု၌ ဦးနေလင်းအောင် (၂၆နှစ်) ဒဏ်ရာရရှိပြီး ကျန်သူများမှာ ပွန်းရှဒဏ်ရာ များရရှိ၍ ပေါက်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ယာဉ်မောင်း ဆန်းဝင်းကို ရေပြာနယ်မြေရဲစခန်းက အရေး ယူထားကြောင်း သိရသည်။
ဖိုးသားလေး(ယောမြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခြောက်ဘီးယာဉ်က တံတားလက်ရန်းကို တိုက်မိပြီး ပြုတ်ကျတိမ်းမှောက်
Reviewed by သစ်ထူးလွင်
on
07:31
Rating: