မကွေးမြို့တွင် ကာမဆန္ဒနှိုးဆွဆေးများ ဖမ်းဆီးရမိ


မကွေးမြို့တွင် ထရာမဒေါလ် ၃၇၀ တောင့် နှင့် ကာမဆန္ဒနှိုးဆွဆေးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၈

ဧပြီ ၆ ရက်က မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၊ အိမ်အမှတ်(၂၆၀)နေ ခင်မောင်ဆန်း (ခ) ပလိုကိုး ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ထရာမဒေါလ် တစ်ကဒ်လျှင် ဆေးတောင့် ၁၀ တောင့်ပါ ဆေးကဒ် ၃၇ ကဒ်၊ စုစုပေါင်း ဆေးတောင့် ၃၇၀ တောင့် နှင့် ကာမဆန္ဒနှိုးဆွဆေး ၁၄ မျိုး တို့ကို သိမ်းဆည်းရမိသဖြင့် ခင်မောင်ဆန်း (ခ) ပလိုကိုး (၂၉) နှစ် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရလည်းကောင်း၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ အရ လည်းကောင်း အရေးယူထားကြောင်း သိရသည်။

ဖမ်းဆီးရမိ ထရာမဒေါလ် ဆေးတောင့်များမှာ ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၀၅) မူးယစ်ဆေးဝါးဇယား(၃)၊ အစဉ်(၂) တွင် ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါးဖြစ်ဖြစ်ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မကွေးမြို့တွင် ကာမဆန္ဒနှိုးဆွဆေးများ ဖမ်းဆီးရမိ  မကွေးမြို့တွင် ကာမဆန္ဒနှိုးဆွဆေးများ ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 18:50 Rating: 5
Powered by Blogger.