မိုင်တိုင်အမှတ်(၃၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက် သေဆုံး/ဒဏ်ရာရ


အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်သဖြင့် သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၉

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ နံနက် ၆ နာရီ ၁ဝ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပြင်စည်အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မာလကာခြံရပ်နေ မချိုတူး(၃၂)နှစ် မောင်းနှင်လာသော 2H/**** အေဒီဗင်အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကျော်တက်ပြီး တစ်ဘက်ယာဉ်ကြောဘေးရှိမြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သိရှိရ သည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်း မချိုတူး ပါ ကျား ၆ ဦး၊ မ ၂ ဦး၊ စုစုပေါင်း(၈)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကူညီ ပို့ဆောင်ပေးခဲ့ရာ ဒဏ်ရာရရှိသူများအနက် မချိုတူးနှင့် ရမည်းသင်းမြို့နယ်၊ အင်းဇင်းရွာနေ ဦးတင်ဆွေ (ခ)အကြင်(၄၇)နှစ်တို့ ၂ ဦးမှာ ရရှိသောဒဏ်ရာများဖြင့် ဆေးရုံအရောက် သေဆုံးသွားသောကြောင့် မချိုတူးအား ပြင်စည်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၃/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မိုင်တိုင်အမှတ်(၃၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက် သေဆုံး/ဒဏ်ရာရ  မိုင်တိုင်အမှတ်(၃၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက် သေဆုံး/ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 19:15 Rating: 5
Powered by Blogger.