ဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့ မကွေး ဗကသတွေတောင်း

မတ်လတုန်းက ဖြစ်ခဲ့တဲ့ ကျောင်းသား ဆန္ဒပြမှု (Credit: AFP) 
လက်ပံတန်းမြို့ ​ပင်မ ​ကျောင်းသား ​သပိတ် ​လူစုခွဲမှုအတွင်း ​ဖမ်းဆီးခံထားရတဲ့ ​ကျောင်းသားတွေနဲ့ ​ပြည်သူတွေကို ​လွတ်ပေးဖို့ ​မကွေးမြို့မှာ ​တောင်းဆိုကြပါတယ်။

မကွေးမြို့က ​ဗကသ ​ကျောင်းသားတွေနဲ့ ​ထောက်ခံ ​သူတွေက ​ဒီကနေ့ ​ဆန္ဒပြတာ ​ဖြစ်ပါတယ်။

ဖမ်းဆီးထားသူတွေကို ​လွတ်ပေးဖို့အပြင်၊ ​အမျိုးသား ​ပညာရေး ​ဥပဒေ ​ဆွေးနွေးပွဲအတွင်း ​ပြောဆို ​ပေးခဲ့တဲ့ ​ကတိတွေကို ​ထိန်းဖို့လည်း ​တောင်းဆိုလိုက်ပါတယ်။

အခုလောလောဆယ် ​လက်ပံတန်း ​ကျောင်းသား ​သပိတ် ​ဖြိုခွင်းမှုအတွင်း ​ဖမ်းဆီးခံရသူတွေကို ​လွန်ခဲ့တဲ့ ​ရက်ပိုင်းတုန်းကပဲ ​ထပ်မံ ​ရုံးထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ​သပိတ်လွန်နောက်ပိုင်းမှာ ​လှုပ်ရှားမှုနဲ့ ​ပတ်သက်ပြီး ​ကျောင်းသားခေါင်းဆောင် ​တစ်ဦးဖြစ်သူ ​မပိုပိုအောင်ကိုလည်း ​ဖမ်းဆီးခဲ့ပါတယ်။

အခုအချိန်အထိတော့ ​ဖမ်းဝရမ်း ​ထုတ်ခံနေရတဲ့ ​ကျောင်းသား ​တချို့ ​လွတ်မြောက်နေဆဲ ​ဖြစ်ပါတယ်။

အမျိုးသား ​ပညာရေး ​ဥပဒေမူကြမ်း ​ရေးဆွဲရေးမှာ ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​NLD ​က ​ကျောင်းသားဘက်က ​မရပ်တည်ပဲ ​အစိုးရဘက်ကနေ ​ရပ်တည်သလားလို ​သတင်းထောက် ​တစ်ဦးက ​မေးတာကို ​ဒေါ်အောင်ဆန်းစုကြည်က ​ငြင်းဆိုခဲ့ပါတယ်။

မနေ့တုန်းက ​ပြုလုပ်တဲ့ ​သတင်းစာ ​ရှင်းလင်းပွဲမှာ ​ဒေါ်အောင်ဆန်းစုကြည်က ​ပညာရေး ​ဥပဒေမူကြမ်းနဲ့ ​ပတ်သက်ပြီး ​NNER၊ ​ကျောင်းသား၊ ​လွှတ်တော်အပြင် ​အစိုးရတွေရဲ့ ​သဘောထားအတိုင်း ​လိုက်လုပ်မှာ ​မဟုတ်ပဲ ​ပြည်သူအတွက် ​အကောင်းဆုံးလို့ ​ယူဆတဲ့ ​အချက်ကိုသာ ​ထောက်ခံမယ်လို့ ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့ မကွေး ဗကသတွေတောင်း   ဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့ မကွေး ဗကသတွေတောင်း Reviewed by သစ်ထူးလွင် on 12:58 Rating: 5
Powered by Blogger.