မင်္ဂလာဒုံမြို့နယ် ထောက်ကြဥ့်နာရီစင်မှတ်တိုင် ယာဉ်တိုက်မှုဖြစ်ပွား


ရန်ကုန် ဧပြီ ၉

 ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပြည်လမ်း နာရီစဉ်မှတ်တိုင် အနီးတွင် ဧပြီ ၇ ရက်နေ့ ညနေ ၅ နာရီက ပြည်လမ်း အတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ဦးဝင်းနိုင် မောင်းနှင်သော ယာဉ်အမှတ်IH/ ----- ရှေ့ဆောင်ယာဉ်လိုင်း၊ မီနီဘတ်စ် နီ၊ပြာရောင် ငှား ယာဉ်သည် နာရီစဉ် မှတ်တိုင်အနီးအရောက် နာရီစင်လမ်းအတွင်းမှ ပြည်လမ်းပေါ်သို့ ကိုလှဝင်းမောင်းနှင်လာသည့် အမှတ် မရှိ၊ ဖီလင်းအမျိုးအစား 110 အစိမ်းရောင်၊ လိုင်စင် (စိစစ်ဆဲ) ဆိုင်ကယ်နှင့်တိုက်မိပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားကာ ပြည်လမ်းအတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်းကိုဝင်းဦး မောင်းနှင်သည့် 7C/ --- အဖြူရောင်(ပိုင်) ယာဉ်ကို ဆက်လက်တိုက်မိခဲ့သဖြင့် ယာဉ်များ ပျက်စီး ကာ ဆိုင်ကယ်စီးနင်းမောင်းနှင်သူကိုလှဝင်းတွင် ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ရာ နေရာတွင် သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းသူနှင့် 7C/---- ယာဉ်ပေါ်ပါသူတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံကြီးသို့ (တွင်း/ပြင်) လူနာများအဖြစ် တင်ပို့ကုသရသဖြင့် ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ဦးဝင်းနိုင် နှင့် ဆိုင်ကယ် မောင်းနှင်သူကိုလှဝင်းတို့ကို ရဲအုပ်ဇော်ဇော်လတ် ယာဉ်မှုစစ် အင်းစိန်က တိုင်ကြားခဲ့ပြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ခင်ဇော်(မင်္ဂလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မင်္ဂလာဒုံမြို့နယ် ထောက်ကြဥ့်နာရီစင်မှတ်တိုင် ယာဉ်တိုက်မှုဖြစ်ပွား  မင်္ဂလာဒုံမြို့နယ် ထောက်ကြဥ့်နာရီစင်မှတ်တိုင် ယာဉ်တိုက်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 05:35 Rating: 5
Powered by Blogger.