မလေးရှားရောက် မြန်မာတွေ အဖမ်းခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရဲလာခေါ် အရပ်သား လုံခြုံရေး တပ်ဖွဲ့ဝင်များက ညသန်း ခေါင်ကျော် စစ်ဆင်ရေးဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးထားသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
မလေးရှားနိုင်ငံ Kedah (ကဒ) ပြည်နယ် ဆန်းဂေးပက်ထနီမြို့မှာ တစ်လသားကလေးငယ် တစ်ယောက် အပါအဝင် မြန်မာ ၁၇၃ ယောက်ကို တရားမဝင်နေထိုင်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးက သောကြာနေ့ မနက်ပိုင်းမှာ ဖမ်းလိုက်ပါတယ်။

နေထိုင်ခွင့်လက်မှတ် အထောက်အထားမရှိတဲ့ အမျိုးသား ၈ဝ၊ အမျိုးသမီး ၄၆ ယောက်နဲ့ ကလေး ၄၇ ယောက်ကိုဖမ်းမိတာလို့ ကဒပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌါန ညွှန်ကြားရေးမှူး မိုဟာမက်ဟာရှင်က ပြောပါတယ်။ အဲ့ဒီထဲက ၄ ယောက်ကိုတော့ အမျိုးသားမှတ်ပုံတင်ဌါနမှာ လက်မှတ်လုပ်နိုင်ဖို့ လွှဲပေးမယ်လို့ဆိုပါတယ်။

အဲ့ဒီမြို့မှာ နိုင်ငံခြားသားတွေ တစ်နေ့တခြားများလာနေတယ်လို့ ဒေသခံတွေကဝေဖန်ပြောဆိုမှုတွေ ဖြစ်လာတဲ့အတွက် ရှာဖွေဖမ်းဆီးခဲ့တာလို့သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

မလေးရှားရောက် မြန်မာတွေ အဖမ်းခံရ  မလေးရှားရောက် မြန်မာတွေ အဖမ်းခံရ Reviewed by သစ်ထူးလွင် on 13:07 Rating: 5
Powered by Blogger.