ဆင်ပေါင်ဝဲမြို့နယ် အင်းမကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
ဆင်ပေါင်ဝဲ ဧပြီ ၂၉
မကွေးတိုင်းဒေသကြီး သရက် ခရိုင် ဆင်ပေါင်ဝဲမြို့နယ် အင်းမ ကျေးရွာတွင် ယနေ့နံနက် ၉ နာရီခွဲ တွင် ဦးမင်းအောင်(၂၈ နှစ်)မော်တော် လုပ်သား၏ သုံးပင်ပတ်လည်သက်ငယ် မိုး ထရံကာ မြေစိုက်နေအိမ်မီးကြွင်း၊ မီးကျန်မှ စတင်မီးလောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၄x၄) ပင် နေအိမ်ခြောက်လုံး၊ (၃x၃) ပင် သက်ငယ်မိုး ထရံကာ၊ ဝါးကြမ်းခင်း၊ မြေစိုက်နေအိမ် ၃၇ လုံး စုစုပေါင်း ၄၃ လုံး မီးလောင် ဆုံးရှုံးခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ် တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ ပတ်ဝန်းကျင်ကျေးရွာ ခြောက်ရွာမှ ကျေးရွာသူ၊ ကျေးရွာ သားများ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရောက်ရှိပြီး ဒိုင်းရှင်းမီးသတ်စက် ၂၅ လုံး၊ ဆည်မြောင်းဦးစီးဌာနမှ ဂါလန် ၂၆ဝဝ ဆံ့ မီးသတ်ရေယာဉ်တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ဝ နာရီတွင် မီးထိန်းနိုင်ကာ နံနက် ၁ဝ နာရီခွဲတွင် လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူနှင့် တိရစ္ဆာန်များ အသေအပျောက် မရှိ ကြောင်း သိရသည်။
အင်းမကျေးရွာ (အမက)ကျောင်းတွင် ကွပ်ကဲရေးစခန်းချထား ပြီး လုံခြုံရေး၊ ကျန်းမာရေးစခန်းများ ဖွင့်လှစ်၍ မီးဘေးသင့် ပြည်သူများ အား စားသောက်ရေးအတွက် မြို့နယ် အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် စီစဉ်ဆောင်ရွက်လျက်ပေးရှိ ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆင်ပေါင်ဝဲမြို့နယ် အင်းမကျေးရွာ၌ မီးလောင်မှုဖြစ်ပွား နေအိမ် (၄၃)လုံး မီးလောင် ဆုံးရှုံး
Reviewed by သစ်ထူးလွင်
on
06:10
Rating:
