''နယူးစိန်ဌေးလှိုင်''ခရီးသည်တင်ယာဉ် တိုးဂိတ်အား ၀င်တိုက်


 တိုးဂိတ်တွင် ဂိတ်ကြေး ကောက်ခံသည့် မှန်လုံခန်းအား ယာဉ်ဘေးရှိ ပွင့်နေသော ပစ္စည်းသိုလှောင်ခန်း တံခါးဖြင့် ဝင်ရောက်တိုက်မိ

နေပြည်တော်၊ ဧပြီ ၁ဝ

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂ဝ၁/၆)၊ နေပြည်တော်တိုးဂိတ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နေ ဦးဝင်းကိုကို(၅၂)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ ရေဦးမြို့နယ်၊ တင်းတိမ်ယံကျေးရွာနေ အောင်မျိုးထက်(၁၉)နှစ် လိုက်ပါလာသည့် 9D/xxxx ''နယူးစိန်ဌေးလှိုင်''ခရီးသည်တင်မှန်လုံယာဉ်သည် ဂိတ်ကြေးပေးဆောင်ရန် တိုးဂိတ်သို့ ဖြတ်သန်း ဝင်ရောက်စဉ် ယာဉ်၏ယာဘက်ဘေးရှိပွင့်နေသည့် ပစ္စည်းသိုလှောင်ခန်းတံခါးဖြင့် ဂိတ်ကြေးကောက်ခံသည့် မှန်လုံခန်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ မှန်လုံခန်းတစ်ခန်း၊ မှန်လုံခန်းအတွင်းရှိ ကွန်ပျူတာတစ်စုံ၊ CCTV တစ်လုံး၊ လေအေးပေးစက် တစ်စုံတို့ ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မောင်း ဦးဝင်းကိုကိုနှင့် ပစ္စည်းသိုလှောင်ခန်းအား စနစ်တကျ မပိတ်သူ အောင်မျိုးထက်တို့အား ပလွေးအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၅/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
''နယူးစိန်ဌေးလှိုင်''ခရီးသည်တင်ယာဉ် တိုးဂိတ်အား ၀င်တိုက်  ''နယူးစိန်ဌေးလှိုင်''ခရီးသည်တင်ယာဉ် တိုးဂိတ်အား ၀င်တိုက် Reviewed by သစ်ထူးလွင် on 19:50 Rating: 5
Powered by Blogger.