ရန်ကုန် ဧပြီ ၂
ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လမ်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့တို့မှ ပူးပေါင်း၍ ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို နေ့စဉ် ဘီအမ်ကား သုံးစင်းဖြင့် ဖမ်းဆီး ခေါ်ဆောင်၍ ဒဏ်ရိုက်လျက်ရှိကြောင်း သိရသည်။
''တစ်ပွိုင့်ကို လူ ၃ဝ လောက်ဖမ်းတယ်။ တစ်ဦးကို ဒဏ်ကြေး တစ်ထောင်ကျပ် ရိုက်ပါတယ်။ ဖမ်းမယ်ဆို လူ တစ်ထောင်ကျော် မိနိုင်တယ်။ လူကြီးတွေက သိပ်အများကြီး မဖမ်းခိုင်းဘူး။ ရန်ကုန်မြို့ အဓိကသုံးနေရာမှာနေ့စဉ် စောင့်ကြည့်ဖမ်းနေပါတယ်။ တစ်နေ့ လူ ၁ဝဝ လောက်ဖမ်းခံရပြီး ဒဏ်ရိုက် နေရတယ်။ ၁၈ နှစ်အောက် ငယ်တဲ့သူတွေ၊ ကလေးတွေကို ပညာပေးပြောပြ ပါတယ်။ ဒီနေ့ဖမ်းမိတဲ့လူတွေထဲက ဒဏ်ကြေးပေးစရာမပါလို့တောင် သုံးပွင့်နဲ့ ယာဉ်ထိန်းရဲ အရာရှိက စိုက်ပေးလိုက်တာရှိတယ်'' ဟု စည်ပင်သာယာ ရေးကော်မတီမှ လမ်းစည်းကမ်း ထိန်းသိမ်းသူတစ်ဦးက ပြောသည်။
လမ်းစည်းကမ်း ထိန်းသိမ်းရေးကား ဘီအမ်တစ်စီးတွင် ယာဉ်ထိန်းရဲနှင့် လမ်းစည်းကမ်း ထိန်းသိမ်းရေး တာဝန် ထမ်းဆောင်သူ ၁ဝ ဦးစီပါရှိပြီး ပန်းပတန်း၊ မရမ်းကုန်း၊ မြေနီကုန်းစသည့် လူထူထပ်သောနေရာများတွင် နေ့စဉ် စောင့်၍ ဖမ်းဆီးလျက်ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
သန့်ဇင်ဝင်း
The Mirror Daily
https://www.facebook.com/TheMirrorDaily
စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို နေ့စဉ် ဖမ်းဆီး၍ စည်းကမ်းထိန်းသိမ်း
Reviewed by သစ်ထူးလွင်
on
05:56
Rating: