ကင်ညာ ကျောင်းသားတွေကို လုံခြုံမှုပေးဖို့ ဆန္ဒပြ တောင်းဆို

ကင်ညာ တက္ကသိုလ် ကျောင်းသားတွေက သူတို့ကို လုံခြုံမှုပေးဖို့ အစိုးရကို တောင်းဆို ဆန္ဒပြ (Credit: Reuters) 
 ကင်ညာနိုင်ငံက ​တက္ကသိုလ် ​တစ်ခုမှာ ​အကြမ်းဖက်မှု ​ဖြစ်ခဲ့ပြီး ​ကျောင်းသား ​၁၅၀ ​နီးပါး ​သေဆုံးရပြီးနောက် ​ကျောင်းသားတွေကို ​လုံခြုံမှုပေးဖို့ ​တက္ကသိုလ် ​ကျောင်းသားတွေက ​ချီတက်ပြီး ​အစိုးရကို ​တောင်းဆိုခဲ့ကြပါတယ်။

ဆိုမားလီးယားနိုင်ငံ ​အခြေစိုက် ​အယ်လ်ရှာဘတ် ​အကြမ်းဖက် ​အဖွဲ့က ​ကင်ညာနိုင်ငံ ​Garissa ​တက္ကသိုလ်ကို ​ဝင်ရောက်ပြီး ​အကြမ်းဖက်ခဲ့ရာက ​လူပေါင်း ​၁၄၈ ​ယောက် ​သေဆုံးခဲ့ရတာ ​ဖြစ်ပါတယ်။

လုံခြုံရေး ​လစ်လပ်နေတဲ့ ​ပြဿနာကို ​ကင်ညာ ​သမ္မတ ​အနေနဲ့ ​ချက်ချင်း ​ကိုင်တွယ် ​ဖြေရှင်း ​ပေးရမယ်လို့လည်း ​ရာနဲ့ချီတဲ့ ​ကျောင်းသားတွေက ​ချီတက်ပြီး ​တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ​ကင်ညာနိုင်ငံရဲ့ ​မြို့တော် ​နိုင်ရိုဘီ ​မှာလည်း ​သေဆုံးသူတွေအတွက် ​မီးထွန်း ​ဆုတောင်းပွဲတွေ ​ပြုလုပ်ခဲ့ကြပါတယ်။

Garissa ​မြို့မှာလည်း ​မွတ်စလင်နဲ့ ​ခရစ်ယာန် ​ဘာသာ ​ခေါင်းဆောင်တွေ ​စုပေါင်းပြီးတော့ ​ဒီလို ​အကြမ်းဖက်တဲ့ ​လုပ်ရပ်ကို ​ရှုတ်ချခဲ့ကြပါတယ်။

ကြာသပတေးနေ့မှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုနဲ့ ​ဆက်စပ်ပြီး ​လူ ​၆ ​ယောက်ကို ​အင်္ဂါနေ့တုန်းက ​ရုံးတင်စစ်ဆေးခဲ့ပါတယ်။

အဲဒီလူတွေ ​ရက်ပေါင်း ​၃၀ ​အတွင်း ​ထိန်းသိမ်း ​စစ်ဆေးခွင့်ပေးထားတယ်လို့လည်း ​သိရပါတယ်။

အယ်လ်ရှာဘတ် ​အဖွဲ့ကတော့ ​ဆိုမားလီးယား ​နိုင်ငံက ​စစ်သားတွေကို ​မရုတ်သိမ်းမခြင်း ​ကင်ညာနိုင်ငံမှာ ​တိုက်ခိုက်မှုတွေ ​ဆက်လက်လုပ်ဆောင်သွားမယ်လို့ ​စနေနေ့တုန်းက ​သတိပေးထားပါတယ်။

ကင်ညာအစိုးရကတော့ ​အယ်လ်ရှာဘတ် ​အဖွဲ့က ​ခေါင်းဆောင်တစ်ဦးဖြစ်သူ ​Mohamed ​Mohamed ​ကို ​ဖမ်းနိုင်ရင် ​ဒေါ်လာ ​နှစ်သိန်းကျော် ​ဆုချမယ်လို့ ​မက်လုံးပေးထားပါတယ်။

မိုဟာမက်ဟာ ​ကင်ညာနိုင်ငံက ​ကျောင်းဆရာ ​တစ်ဦးဖြစ်ခဲ့ပြီး ​ဒီစာသင်ကျောင်း ​တိုက်ခိုက်မှုမှာ ​နောက်က ​ကြိုးကိုင်သူ ​ဖြစ်တယ်လို့ ​ယူဆနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကင်ညာ ကျောင်းသားတွေကို လုံခြုံမှုပေးဖို့ ဆန္ဒပြ တောင်းဆို  ကင်ညာ ကျောင်းသားတွေကို လုံခြုံမှုပေးဖို့ ဆန္ဒပြ တောင်းဆို Reviewed by သစ်ထူးလွင် on 10:22 Rating: 5
Powered by Blogger.