သင်္ကြန်အကျနေ့မှာ မီးလောင်း၊ အိမ်၃လုံး ဆုံးရှုံး




 သင်္ကြန်အကျနေ့ နံနက် က လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး ဟင်္သာတမြို့နဲ့ (၇)မိုင်ခန့် ဝေးတဲ့ ဒူးယားအုပ်စု လိန်ကုန်းကျေးရွာမှာ မီးလောင်ကျွမ်းခဲ့ပြီး လူနေအိမ် သုံးလုံး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကို ရပ်ကွက်နေသူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သလို သန္ဓေမီးသတ် (၂၄)ဦး၊ ဟင်္သာတမြို့နယ် မီးသတ်ဦးစီးမှူး ရုံးမှ မီးသတ်ကား (၃)စီး၊ ပန်းဘဲတန်းရပ်ကွက် မီးသတ်စခန်း မီးသတ်ယာဉ်တစ်စီး စုစုပေါင်း လေးစီး သွားရောက်ငြိမ်းသတ်ခဲ့ရပြီး မနက် ၁ဝ နာရီ ခွဲခန့်က မီးညွှန့် ကျိုးသွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် သုံးလုံး ဆုံးရှုံးခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှုတန်ကြေး (၁၃၅ဝဝဝ)ကျပ်ခန့်ရှိကြောင်း၊ နေအိမ်ရှိ မိန်းခလုတ် မှ ဝါယာလျှော့ဖြစ်ကာ မီးလောင်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ အတည်ပြုပြောပါတယ်။

 မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု (၃)စု၊ လူဦးရေ (၁၆)ဦး မီးဘေးသင့်ခဲ့ပြီး လူနဲ့ တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါ။

သတင်းဓာတ်ပုံ - ပြည့်ဖြိုး
DVB TV News
https://www.facebook.com/DVBTVNews
သင်္ကြန်အကျနေ့မှာ မီးလောင်း၊ အိမ်၃လုံး ဆုံးရှုံး  သင်္ကြန်အကျနေ့မှာ မီးလောင်း၊ အိမ်၃လုံး ဆုံးရှုံး Reviewed by သစ်ထူးလွင် on 21:11 Rating: 5
Powered by Blogger.