သုံးခွမြို့နယ်တွင် ရပ်ထားသောယာဉ်အား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူသေဆုံး


ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာ အနီးတွင် ဧပြီ ၈ ရက် ည ၉ နာရီခန့်က ရပ်ထားသော မော်တော်ယာဉ်ကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားကြောင်း သိရသည်။

 ဖြစ်စဉ်မှာ မျိုးအောင်(၄၃ နှစ်) သိုက်တူးကန် ကျေးရွာနေသူ မောင်းနှင်လာသည့် ဆိုင်ကယ်အမှတ် ၁၄ယ/----- အနက်ရောင်ဆိုင်ကယ်မှာ ရှေ့မီးမပါဘဲ ဓာတ်မီးထိုး၍ သန်လျင်ဘက်မှသုံးခွဘက်သို့ မောင်းနှင်လာရာ သိုက်တူးကန်ကျေးရွာအနီး မိုင်တိုင်အမှတ် ၅ဝ/၅ အနီးအရောက် တွင် ယာဉ်မောင်းမျိုးမင်းဝင်း(၂၉ နှစ်)(၁)ရပ်ကွက် သုံးခွမြို့မောင်းနှင်သည့် ရပ်ထား သောယာဉ်အမှတ် 4I/----- Forland အဝါရောင်ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ မျိုးအောင်တွင် ဒဏ်ရာများရရှိ၍ သုံးခွပြည်သူ့ ဆေးရုံ၌ဆေးကုသစဉ် သေဆုံးသွားသဖြင့် ဆိုင်ကယ်ပေါ့စွာ မဆင်မခြင်မောင်းနှင်သူ မျိုးအောင်ကို သုံးခွမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကိုကျော်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သုံးခွမြို့နယ်တွင် ရပ်ထားသောယာဉ်အား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူသေဆုံး  သုံးခွမြို့နယ်တွင် ရပ်ထားသောယာဉ်အား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူသေဆုံး Reviewed by သစ်ထူးလွင် on 05:40 Rating: 5
Powered by Blogger.