နီပေါတွင် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ် လူ ၁၀၀၀ ကျော်သေဆုံး


 ခတ္တမန္ဒူ ဧပြီ ၂၅

 နီပေါနိုင်ငံတွင် ဧပြီ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၆ မိနစ်ခန့်က အင်အား ၇ ဒသမ ၉ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာခတ္တမန္ဒူမြို့တွင် သေဆုံး သူ ၁၈၁ ဦး အပါအဝင် စုစုပေါင်း လူ ၁ဝဝဝ ကျော်သေဆုံးပြီး မြို့တော် ခတ္တမန္ဒူရှိ ၁၉ ရာစုခေတ်က သမိုင်းဝင် မျှော်စင်ကြီးလည်း ပြိုကျခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။

အဆိုပါငလျင်သည် မြို့တော် ခတ္တမန္ဒူမှ အနောက်မြောက်ဘက် ကီလိုမီတာ ၈ဝ ခန့်အကွာရှိ လမ်ဂျုံး ခရိုင်တွင်ဗဟိုပြုပြီး ငလျင်၏ပြင်းအား ကြောင့် တောင်တန်းဒေသများတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ ကြောင်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။

ငလျင်ဒဏ်ကြောင့် သေဆုံးမှုဦး ရေမှာ နီပေါနိုင်ငံထဲတွင်၁ဝဝဝ ကျော် ရှိပြီဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် အဆောက်အအုံ ၃၄ ခု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အဆောက်အအုံတစ်ခု ပျက်စီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနမှ အရာရှိတစ်ဦးက ပြောကြား သည်။

''ငလျင်ဒဏ်ကြောင့် သေဆုံးသူ များရဲ့အလောင်းများကို ကျွန်တော်တို့ အခုသယ်ယူလျက်ရှိပြီး ထိခိုက်ဒဏ် ရာရရှိသူတွေကို လူနာတင်ကားဖြင့် ဆေးရုံများသို့ အမြန်ပို့ဆောင် လျက်ရှိပါတယ်''ဟု ငလျင်လှုပ်မှုဖြစ် ပွားစဉ်က ခတ္တမန္ဒူမြို့ရှိ ကော်ဖီဆိုင် တစ်ဆိုင်တွင် သူငယ်ချင်းများနှင့်အတူ ရှိနေသော အိန္ဒိယကမ္ဘာလှည့်ခရီး သည် ဒီဗီယာနီပန့်ဆိုသူက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များနှင့် ကယ်ဆယ်ရေးလုပ်သား များသည် အပျက်အစီးများထဲတွင် ပိတ်မိနေသူများနှင့် ဒဏ်ရာရရှိ သူများကို အမြန်ကယ်ဆယ်နိုင်ရေး အတွက် ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် ဧဝရက် တောင်တန်းဒေသတွင် ဆီးနှင်းထု လျှောကျမှုဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နီပေါတွင် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ် လူ ၁၀၀၀ ကျော်သေဆုံး  နီပေါတွင် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ် လူ ၁၀၀၀ ကျော်သေဆုံး Reviewed by သစ်ထူးလွင် on 04:23 Rating: 5
Powered by Blogger.