UPWC နဲ့ NCCT တို့ရဲ့( ၇ )ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေး မစ္စတာ Vijay Nambiar (ဝဲဘက်)ကို မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ Photo: Thiha Tun/RFA |
ဒီယာယီ သဘောတူညီချက်ဟာ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ တဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ မှတ်တိုင်ဖြစ် တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား က ပြောပါတယ်။
မစ္စတာ နမ်ဘီးယားဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လေ့လာသူအဖြစ် လပေါင်းအတန်ကြာ တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒီအတောအတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း လက်မှတ်ရေးထိုးလိုက်တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ ၀မ်းမြောက်ကြိုဆိုကြောင်း ရန်ကုန်မြို့အမေရိကန်သံရုံးကလည်း ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အပစ်ရပ်စဲရေးမူကြမ်း လက်မှတ်ရေးထိုးနိုင်မှု ကုလနဲ့ အမေရိကန် ချီးကျူးကြိုဆို
Reviewed by သစ်ထူးလွင်
on
02:36
Rating: