ယနေ့ နံနက်ပိုင်း အမြန်လမ်းတွင် ဟိုင်းလပ်ယာဉ်အား ''မန္တလာမင်း'' နောက်မှ ၀င်တိုက်မိသဖြင့် (၈)ဦး သေဆုံး (၁၄)ဦး ဒဏ်ရာရ
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် သေဆုံး/ဒဏ်ရာရ
နေပြည်တော်၊ ဧပြီ ၂၆
၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ဝဝ၃ဝ အချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၃၈/၇)နှင့်(၂၃၉/ဝ)ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ကူညီ ဆောင်ရွက်ခဲ့သည်။
စစ်ဆေးချက်အရ မန္တလေးမှ နေပြည်တော်သို့ ဦးစိုး မောင်းနှင်လာသည့် န/xxxx ဟိုင်းလပ်အဖြူရောင်ယာဉ်သည် စလစ်ဖြစ်ပြီးယိမ်းယိုင်သွားစဉ် နောက်မှ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နေ ထွန်းလွင်(၄၈)နှစ် မောင်းနှင်လာသော 1J/xxxx ''မန္တလာမင်း''ခရီးသည်တင်မှန်လုံယာဉ်က ဝင်ရောက်တိုက်မိရာ ဟိုင်းလပ်ယာဉ်သည် လမ်းယာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ပြီး ''မန္တလာမင်း'' ယာဉ်မှာ လမ်းပေါ်တွင်ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် ''မန္တလာမင်း'' ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဟိုင်းလပ်ယာဉ်ပေါ်ပါ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ ဦးစိုးမြင့်(၄၉)နှစ်ပါ(၈)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိသေဆုံး သွားကာ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်နေ ဦးသန်းရွှေ(၅ဝ)နှစ်ပါ(၁၄)ဦးတို့၌ ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁ဝဝဝ) ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ထွန်းလွင်နှင့် ဦးစိုးတို့အား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၃/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/ ၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
ယနေ့ နံနက်ပိုင်း အမြန်လမ်းတွင် ဟိုင်းလပ်ယာဉ်အား ''မန္တလာမင်း'' နောက်မှ ၀င်တိုက်မိသဖြင့် (၈)ဦး သေဆုံး (၁၄)ဦး ဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
22:24
Rating:
