မုံရွာ-မန္တလေးကားလမ်းမှာ ယာဉ်၂ စီး မျက်နှာချင်းဆိုင်တိုက်မိ ၁ဦးသေဆုံး၊ ၂၀ဦးဒဏ်ရာရ


ယာဉ်၂ စီး မျက်နှာချင်းဆိုင်တိုက်မိမှုကြောင့် သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၉

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီး၊ မုံရွာ-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၆၄/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ချောင်းဦးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ မန္တလေးဘက်မှ မုံရွာဘက်သို့ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နေ ကျော်ကျော်လွင်(၄၇)နှစ်မောင်းနှင်လာသော 8H/**** လိုက်ထရပ်အဖြူရောင် ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်နေ အေးချမ်းအောင် (၄၅)နှစ်မောင်းနှင်လာသော 9I/**** ကင်တာယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ကြောင်း သိရှိ ရသည်။

ထိုသို့တိုက်မိမှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မကွေးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နေ ဦးညွန့်မြိုင်(၅၄)နှစ်တွင် ဒဏ်ရာများရရှိသေဆုံးသွားခဲ့ပြီး နတ်တလင်းမြို့နေ မသန္တာလင်း(၂၇)နှစ်ပါ ကျား ၁ဝ ဦး၊ မ ၁ဝ ဦး၊ စုစုပေါင်း(၂ဝ)ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် ကျော်ကျော်လွင်နှင့် အေးချမ်းအောင်တို့(၂)ဦးအား ချောင်းဦးမြို့မရဲစခန်း ယာဉ်(ပ)၁၇/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မုံရွာ-မန္တလေးကားလမ်းမှာ ယာဉ်၂ စီး မျက်နှာချင်းဆိုင်တိုက်မိ ၁ဦးသေဆုံး၊ ၂၀ဦးဒဏ်ရာရ မုံရွာ-မန္တလေးကားလမ်းမှာ ယာဉ်၂ စီး မျက်နှာချင်းဆိုင်တိုက်မိ ၁ဦးသေဆုံး၊ ၂၀ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 19:31 Rating: 5
Powered by Blogger.