တံတားပေါ်မှ ထော်လာဂျီ ချောင်းထဲပြုတ်ကျ၊ နှစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ


မောက်မယ် ဧပြီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် ဟိုလွိုင်ကျေးရွာအုပ်စု ကျောင်းခမ်းကျေးရွာနေ စိုင်းလန်(၁၇)နှစ် မောင်းနှင်လာသော ထော်လာဂျီသည် ခရီးသည် ၁၅ ဦးခန့် တင်ဆောင်၍ နမ့်လွတ်ကျေးရွာ ဘုန်းကြီးကျောင်းမှအပြန် ဧပြီ ၂၂ ရက် မွန်းလွဲ၂ နာရီခန့်တွင် အရှိန်မထိန်းနိုင်သဖြင့် မိုက်ဟုန်း တံတားလက်ရန်းကို ကျော်၍ ပေ ၂ဝ ခန့်ရှိ နမ့်ယွမ်းချောင်းအတွင်းသို့ ပြုတ်ကျတိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ် ပါလာသူ ခရီးသည်နှစ်ဦးသေဆုံးပြီး လေးဦးမှာ မောက်မယ်ပြည်သူ့ဆေးရုံ၌ အတွင်းလူနာ(မစိုးရိမ်ရ)၊ နှစ်ဦးမှာ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး ယာဉ်မောင်းအား မောက်မယ်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

စိုင်းမျိုးသန့်(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
တံတားပေါ်မှ ထော်လာဂျီ ချောင်းထဲပြုတ်ကျ၊ နှစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ  တံတားပေါ်မှ ထော်လာဂျီ ချောင်းထဲပြုတ်ကျ၊ နှစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 11:03 Rating: 5
Powered by Blogger.