အမြန်လမ်းတွင် ပေါင်မြို့နယ်မှယာဉ် တိမ်းမှောက်မှုဖြစ်ပွား


အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိတိမ်းမှောက်

နေပြည်တော်၊ ဧပြီ ၉

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ရ ရက်နေ့ နံနက် ၅ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၇/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ရွာနေ ခင်ဇော်ဦး(၃၅)နှစ် မောင်းနှင်လာသော 5E/**** ဟိုက်ဂျက်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိတိမ်းမှောက် ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ(၉)ဦးအနက် ယာဉ်မောင်း ခင်ဇော်ဦး၊ တစ်ရွာတည်းနေ ဒေါ်ခင်သိန်း(၈ဝ)နှစ်၊ ဒေါ်တင်အုန်း(၅၇)နှစ်နှင့် ဒေါ်စန်းစန်းဝင်း(၄၆)နှစ် တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ခင်ဇော်ဦးအား အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃ရ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အမြန်လမ်းတွင် ပေါင်မြို့နယ်မှယာဉ် တိမ်းမှောက်မှုဖြစ်ပွား  အမြန်လမ်းတွင် ပေါင်မြို့နယ်မှယာဉ် တိမ်းမှောက်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 19:20 Rating: 5
Powered by Blogger.