နေးလ် မြို့မှာ အလုပ်လုပ်တဲ့ ကရင်လူမျိုးတချို့ |
ဒါကတော့ ဗစ်တိုးရီးယားပြည်နယ် Nhill နေးလ် လို့ခေါ်တဲ့ မြို့မှာ ကရင်ဒုက္ခသည် အယောက်ပေါင်း ၁၇၀ နေထိုင်ပြီးတဲ့နောက် စီးပွားရေး တိုးတက်လာတာပါ။
ကရင် ဒုက္ခသည်တွေက ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ စတင်နေထိုင်လာတာ ဖြစ်ပြီး အခုဆိုရင် ကရင်တွေကြောင့် ဒေါ်လာ ၄၁.၅ သန်း စီးပွားရေး အကျိုးအမြတ် ရရှိစေတယ်လို့ ဆိုပါတယ်။
နေးလ်မြို့မှာ လူဦးရေ ၂၃၀၀ ပဲ ရှိပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိကထားတဲ့ မြို့ဖြစ်ပါတယ်။
ကရင်ဒုက္ခသည်တွေ ရောက်မလာရင် အဲဒီမြို့က မွေးမြူရေးခြံတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေကို ပိတ်လိုက်ရမယ့် အခြေအနေမှာ ရှိခဲ့ပါတယ်။
မြို့က လူငယ်တွေက မဲလ်ဘုန်းလို မြို့ကြီး ပြကြီးကို သွားပြီး အလုပ်လုပ်တာကြောင့် အလုပ်လုပ်မယ့်လူတွေ ရှားပါးတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကရင်ဒုက္ခသည်တွေက အလုပ်အကိုင်မရွေးပဲ ရရာအလုပ် ဝင်လုပ်ရာက လုပ်ငန်းတွေကို ဆက်လက် လည်ပတ်နိုင်ခဲ့တာပါ။
အများအားဖြင့်တော့ Luv-a-Duck ဆိုတဲ့ မွေးမြူရေးခြံမှာ အလုပ်လုပ်တာဖြစ်ပြီး ကြက်စာကျွေးတာတွေနဲ့ ကြက်ဥကောက်တဲ့ အလုပ်ကို လုပ်ကိုင်ကြတာပါ။
အဲဒီ မွေးမြူရေးခြံမှာ ကရင်လူမျိုး ၅၄ ယောက် အလုပ်လုပ်နေပြီး အဲဒီ မွေးမြူရေးနဲ့ ဆက်စပ်ပြီး တခြား လုပ်ငန်းတွေလည်း တိုးတက်လာတာ ဖြစ်တယ်လို့ The Guardian သတင်းမှာ ဖော်ပြထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ကရင်ဒုက္ခသည်ကြောင့် သြစီမြို့မှာ စီးပွားဖြစ်ထွန်း
Reviewed by သစ်ထူးလွင်
on
10:41
Rating: