စေ့စပ်ထားသူ၏ တင်တောင်းငွေကို မခံနိုင်၍ ချစ်သူအမျိုးသမီး နှင့် ဆွေမျိုးသားချင်း ကိုးဦးကိုသတ်ဖြတ်


အစ္စလာမ္မာဘတ် ၊ ၇-၄-၂၀၁၅

ပါကစ္စတန် နိုင်ငံတွင် အမျိုးသား တစ်ဦးက ၄င်းနှင့် စေ့စပ်ထားသူ အမျိုးသမီး၏ ဆွေမျိုးသားချင်း များ၏ တင်တောင်းငွေ တောင်းဆိုမှုကို မခံနိုင်သည့် အဆုံး ၄င်း၏ချစ်သူ အမျိုးသမီးနှင့် ဆွေမျိုးသားချင်း ကိုးဦးကို သတ်ဖြတ် ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ တရားခံမှာ အသက်၂၅ နှစ်အရွယ် မီယာအာမက်ရှား အမည်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ၄င်းနှင့် စေ့စပ်ထားသော အမျိုးသမီးနှင့် ဆွေမျိုး များကို AK 47 မောင်းပြန် သေနတ်ဖြင့် ဧပြီ ၅ ရက်က ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။ သေဆုံးသူများ အနက် ကလေးငယ် နှစ်ဦးနှင့် အမျိုးသမီး လေးဦး ပါဝင်ကြောင်း ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ က ပြောကြားခဲ့သည်။

မီယာအားမက်ရှား သည် အမျိုးသမီးဘက်မှ တင်တောင်းကြေးကို အဆမတန် တောင်းဆိုမှုကြောင့် ဒေါသ ဖြစ်ပြီးနောက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းသည် ယခင်က အမျိုးသမီး ဘက်က တင်တောင်းကြေး အဖြစ် တောင်းဆိုခဲ့သည့် မြေကွက် အငြင်းပွားမှု အတွင်း အမျိုးသမီး ဘက်သို့ ပေးအပ်ရန် ငြင်းဆိုခဲ့သည့် မိဘများနှင့် အစ်ကိုဖြစ်သူကို သတ်ဖြတ်မှုဖြင့် ဝရမ်းပြေး အဖြစ် ထွက်ပြေး တိမ်းရှောင် နေခဲ့ရသည်။

ပါကစ္စတန် နိုင်ငံတွင် အမျိုးသားနှင့် အမျိုးသမီးတို့ လက်ထပ်ခြင်း မပြုမီ တင်တောင်းသည့် ငွေကြေး နှင့် ဥစ္စာပစ္စည်း များကို အမျိုးသား ဘက်မှ ပေးအပ်ရလေ့ ရှိပြီး များသော အားဖြင့် အမျိုးသမီး ဘက်မှ ဆွေမျိုးများက တောင်းဆိုလေ့ ရှိကြောင်း သိရသည်။

သို့သော် ယခုဖြစ်စဉ်တွင် အမျိုးသမီး ဘက်က တင်တောင်းကြေး မည်မျှကို တောင်းဆို ထားကြောင်း ကို အတိအကျ မသိရသေး ဟု ရဲတပ်ဖွဲ့က ပြောကြား ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
စေ့စပ်ထားသူ၏ တင်တောင်းငွေကို မခံနိုင်၍ ချစ်သူအမျိုးသမီး နှင့် ဆွေမျိုးသားချင်း ကိုးဦးကိုသတ်ဖြတ်  စေ့စပ်ထားသူ၏ တင်တောင်းငွေကို မခံနိုင်၍ ချစ်သူအမျိုးသမီး နှင့် ဆွေမျိုးသားချင်း ကိုးဦးကိုသတ်ဖြတ် Reviewed by သစ်ထူးလွင် on 18:10 Rating: 5
Powered by Blogger.