နီပေါ ငလျင်၊ ကျေးရွာတွေဆီ အကူအညီ ရောက်ရှိ




နီပေါ နိုင်ငံမှာ စနေနေ့က လှုပ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးရဲ့ ဗဟိုချက် နေရာ အနီးက ကျေးရွာတွေ ဆီကို အကူအညီတွေ ရောက်ရှိသွားပြီလို့ သိရပါတယ်။

ပြင်းအား ရစ်ခ်ျတာ စကေး ၇ ဒသမ ၈ ရှိတဲ့ ငလျင်ကြောင့် ခုချိန်အထိ သေဆုံးသူ လူ ၅၀၀၀ ကျော်သွားပြီ ဖြစ်ကာ အသက်ရှင် ကျန်ရစ် သူတွေလည်း သောက်သုံးရေနဲ့ အစားအစာတွေ ပြတ်လပ်နေပါတယ်။

နောက်ဆက်တွဲ ငလျင်တွေ ထပ်လှုပ်မှာ စိုးရိမ် နေကြပြီး မြို့တော် ခတ္တမန္ဒူ ကနေ ထွက်ခွာဖို့ ထောင်သောင်း ချီတဲ့ လူတွေဟာ ဘတ်စ်ကားဂိတ် တွေမှာ တန်းစီနေကြပါတယ်။

ဘတ်စ်ကားဂိတ်က ဒေသခံ တစ်ယောက်ကတော့ လူသေ အလောင်းတွေကြောင့် ကူးစက် ရောဂါတွေ ပျံ့နှံ့မှာကို စိုးရိမ်ရတဲ့ အတွက် မြို့ပေါ်ကနေ ရှောင်ထွက်မှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ခတ္တမန္ဒူ ဒေသခံတွေ အတွက် ပို့ဆောင်ရေးကို အစိုးရက အခမဲ့ စီစဉ် ပေးနေပြီး၊ ဗုဒ္ဓဟူးနေ့ အစောပိုင်း ကတော့ ကားဂိတ်မှာ စုပြုံ တိုးဝှေ့နေတဲ့ လူတွေဟာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

အဝေးပြေး လမ်းတွေ ပေါ်မှာလည်း လူတွေ၊ ဘတ်စ်ကားတွေ၊ ကူညီရေး ယာဉ်တန်းတွေနဲ့ ပြည့်ကျပ်နေတာကို တွေ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
နီပေါ ငလျင်၊ ကျေးရွာတွေဆီ အကူအညီ ရောက်ရှိ  နီပေါ ငလျင်၊ ကျေးရွာတွေဆီ အကူအညီ ရောက်ရှိ Reviewed by သစ်ထူးလွင် on 05:29 Rating: 5
Powered by Blogger.