မြဝတီ ကုန်သွယ်ရေးဇုန်အနီး ယာဉ်တိမ်းမှောက် ၁ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရ

(6.4.2015)ရက်နေ့ နေလည်(၂း၀၀)နာရီအတွင် မြ၀တီမြို့ကုန်သွယ်ရေးဇုံ အထွက်၌ HILUX VIGO ခရီးယာဉ်(၁)စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ယာဉ်တိမ်း မှောက်မှုတွင် ခရီးသည်(၁၁)ဦးထိခိုက်ဒဏ်ရရှိခဲ့သည်။ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ဓါတ်ပုံ - Myawaddy Rescueteam



 အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၇

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-သင်္ဃန်းညီနောင်ကားလမ်း၊ နယ်စပ်ဒေသ ကုန်သွယ်ရေးဇုန်အနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သင်္ဃန်းညီနောင်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မြဝတီဘက်မှ သင်္ဃန်းညီနောင်ဘက်သို့ မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်နေ စောတူးတူး(ခ)စောတစောင်း(၃၅)နှစ်မောင်းနှင်ပြီး ခရီးသည်(၁၄)ဦးလိုက်ပါလာသည့် 7B/**** VIGO ခဲရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် မွန်ပြည်နယ်၊ သထုံ မြို့နယ်၊ အနန်းပင်ကျေးရွာနေ ကျော်ဆန်းဦး(၃၃)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာနေ ထွန်းမြင့်အေး(၂၇)နှစ်ပါ ကျား ၁ဝ ဦး၊ မ ၃ ဦး၊ စုစုပေါင်း(၁၃)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မြဝတီပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ စောတူးတူး(ခ)စောတစောင်းအား သင်္ဃန်းညီနောင် နယ်မြေရဲစခန်း ယာဉ်(ပ)၈/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia


မြဝတီ ကုန်သွယ်ရေးဇုန်အနီး ယာဉ်တိမ်းမှောက် ၁ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရ  မြဝတီ ကုန်သွယ်ရေးဇုန်အနီး ယာဉ်တိမ်းမှောက် ၁ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 20:41 Rating: 5
Powered by Blogger.