အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ လုံခြုံရေးဂိတ်သို့ ကားတစ်စီး အတင်းဝင်ရောက် တိုက်ခိုက်၍ တစ်ဦးသေဆုံး
ဝါရှင်တန် မတ် ၃၁
ဝါရှင်တန်မြို့အနီးရှိ အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) ဌာနချုပ်၏ဝင်ပေါက်၌ ပစ် ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ တစ်ဦးသေ ဆုံးပြီး တစ်ဦးမှာ ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့သည်။ ကားတစ်စီးသည် အမိန့် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ လမ်းပေါ်၌ ပိတ်ဆို့ထားသော ရဲကားတစ်စီးကို ရုတ်တရက် ဝင် ရောက် တိုက်ခိုက်ခဲ့သည့်အတွက် NSA အရာရှိတစ်ဦးက အဆိုပါကား ကို ပစ်ခတ်ခဲ့သည်။
ကားအတွင်းမှ အမျိုးသားများ သည် အမျိုးသမီးများကဲ့သို့ ရုပ်ဖျက် ဝတ်ဆင်လာသည်ဟု AP သတင်း ဌာနသို့ အရာရှိတစ်ဦးက ပြောသည်။ ကားအတွင်းရှိ လူတစ်ဦးမှာ အခင်း ဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိသည့်အတွက် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်မှာ ဒေသစံတော်ချိန် ၉ နာရီ၌ လူနှစ်ဦးလိုက်ပါလာသော ကားတစ်စီးသည် အမျိုးသား လုံခြုံရေးအေဂျင်စီအတွင်းသို့ အတင်း ဝင်ရောက်ရန်ကြိုးပမ်းခဲ့ရာ ယာဉ် မောင်းမှာ NSA ရဲအရာရှိ၏ လုံခြုံ ရေး ဧရိယာအတွင်းမှ ထွက်ခွာရန် ပြောဆိုမှုကို လိုက်နာခြင်းမရှိဟု NSA က ဖော်ပြခဲ့သည်။
အဆိုပါကားသည် NSA မော် တော်ယာဉ်ကို တစ်ဟုန်ထိုးဝင်တိုက် ခဲ့သည်ဟု NSA က ပြောသည်။ စုံစမ်းစစ်ဆေးမှုများကို FBI က ဦးဆောင်ပြုလုပ်သွားမည် ဖြစ် သည်။
ယခုလအစောပိုင်း၌လည်း အဝေး ပြေးလမ်းမကြီးအနီးရှိ အဆောက် အအုံကို ပျက်စီးစေသည့် ပစ်ခတ်မှု အတွက် လူတစ်ဦးကို FBI က ဖမ်း ဆီးခဲ့သည်။ တိုက်ခိုက်မှုနှစ်ခု ဆက် စပ်မှုရှိသည်ဟုဖော်ပြထားခြင်း မရှိ ပေ။
(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ လုံခြုံရေးဂိတ်သို့ ကားတစ်စီး အတင်းဝင်ရောက် တိုက်ခိုက်၍ တစ်ဦးသေဆုံး
Reviewed by သစ်ထူးလွင်
on
02:36
Rating: