သင်္ကြန်အကျနေ့က ရန်ကုန်မှာ ခါးပိုက်နှိုက်အမှု ၁၁ မှု အရေးယူခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မင်္ဂလာတောင်ညွန့်၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ လှိုင်သာယာမြို့နယ်တွေက ရေကစားမဏ္ဍပ်တွေနားမှာ ကျူးလွန်သူနဲ့ မသင်္ကာသူ ၁၄ ယောက်ကို ဖမ်းဆီး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်း ယာဉ်တိမ်းမှောက်မှုကတော့ ၄ မှုဖြစ်ခဲ့ပြီး ၁၃ ယောက်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no
ရန်ကုန်သင်္ကြန်အကျနေ့က ခါးပိုက်နှိုက် ၁၁ မှု အရေးယူ
Reviewed by သစ်ထူးလွင်
on
16:21
Rating: