စစ်ကိုင်းမြို့၊ ဧပြီ ၂၂
စစ်ကိုင်းမြို့တွင် ဧပြီ(၁၈)ရက် (နှစ်ဆန်း ၂ရက်)က မိုးသက်လေပြင်းများ ကျရောက်ခဲ့ပြီးနောက် စစ်ကိုင်းမြို့၊ ဒါး ၀ယ်ဈေး တိုက်နယ်၊ ကျောင်းတော်ကြီး ကျေးရွာအတွင်း တည်ရှိသော ဝေဠုဝန်ငါးထပ်ကြီး ဘုရားဝင်း အရှေ့ မြောက်ဘက်ရှိ မဟာဗောဓိညောင်ပင်ရှိ ညောင်ရွက်များမှာ တစ်ပင်လုံးကန်တော့ထိုးသည့် ပုံစံများဖြစ်ပေါ် ခဲ့ ကြောင်း စစ်ကိုင်းမြို့ခံများက ဧပြီ (၁၈)ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောဆိုကြသည်။
““ကျွန်တော့် တစ်သက်မှာတော့ ဒါဟာပထမဦးဆုံး မြင်ဖူးတာပါ၊ အရင်တုန်းကတော့ ညောင်ရွက်ကန်တော့ ထိုးတယ် ဆိုတာကြား သာကြားဖူးတာ၊ မမြင်ဖူးဘူး””ဟု စစ်ကိုင်းမြို့၊ ငါးထပ်ကြီးဘုရားအ နီးနေ ဦးထွန်းဝေ က မြန်မာသံတော်ဆင့်သို့ပြောသည်။
အဆိုပါ ဗောဓိညောင်ပင်မှ ညောင်ရွက်များ ကန်တော့ထိုးသည့် နည်းတူ ဘုရားဝင်းအတွင်းရှိ အခြား သောဗော ဓိ ညောင်ပင်များ မှာလည်း ညောင်ရွက်များ ကန်တော့ထိုးခဲ့သည့်အပြင် စစ်ကိုင်းမြို့၊ ရွှေစင်ဂဲအရပ် ဗညားဘုရား ရှိ ဗောဓိ ညောင်ပင်၊ တဲကြီးကျေးရွာရှိဗောဓိ ညောင်ပင်နှင့် အခြားရပ်ကွက် ကျေးရွာ များရှိ ဗောဓိညောင်ပင်များ လည်း ညောင်ရွက်များ ကန်တော့ထိုးသည့်ပုံစံများ ဖြစ်ပေါ်ခဲ့သည်။…
““အဘွားအသက်က ဒီနေ့ (၇၁)နှစ်ပြည့်တာပဲ။ တိုက်တိုက် ဆိုင်ဆိုင် ဗောဓိညောင်ပင်က ညောင်ရွက် ထိုးတာကို မြင်ရတာ ကံထူးတယ်လို့ မြင်မိတယ်၊ ဒီတစ်ကြိမ်နဲ့ဆို (၂)ခါရှိပြီ မြင်ဖူးတာ၊ အဖွားအသက် (၆၀) အရွယ် လောက်က တစ်ခါ မြင်ဖူးသေးတယ်၊ ဒီလိုညောင်ရွက်တွေ ကန်တော့ထိုးတယ်ဆိုတာက အခုလို အခါကြီးရက် ကြီးမှာ ဖြစ်တယ်ဆိုတော့ ကောင်းတဲ့အတိတ်နိမိတ်လို့ အဘွားကတော့ ယူဆပါတယ်””ဟု စစ်ကိုင်းမြို့၊ ကျောင်းတော်ကြီးကျေးရွာနေ အဘွားဒေါ်နှင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ ဗောဓိညောင်ပင်မှ ညောင်ရွက်များ ကန်တော့ထိုးနေကြသည်မှာ ဘုရားရှိရာဘက်သို့ မျက်နှာမူသည့် အနေအထားဖြင့် ကန်တော့ထိုးနေကြပြီး စိတ်ဝင်တစား လာရောက်ကြည့်ရှု သူများပြားခဲ့သည်။
အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
စစ်ကိုင်းမြို့ရှိ ညောင်ပင်များ ကန်တော့ထိုးသည့် ပုံစံများဖြစ်ပေါ်
Reviewed by သစ်ထူးလွင်
on
07:58
Rating: