ရေတာရှည် ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ကျင်းပလျက်ရှိသော သမိုင်း ဝင်မယ်ဒက်ကယ်ဘုရားပွဲသို့ ဆိုင်ကယ်ဖြင့် သွားရောက်ကြသည့် အမျိုးသား နှစ်ဦးသည် ဧပြီ ၁ ရက် ည ၁ဝ နာရီက ရေတာရှည်မြို့ မြောက်ဘက်သပြေ တန်းကျေးရွာ တောင်ဘက် ရန်ကုန်-မန္တလေးကားလမ်းတွင် ရှေ့မျက်နှာချင်းဆိုင် မှလာသော ကုန်တင်ယာဉ်နှင့်တိုက်မိရာမှ နှစ်ဦးစလုံးပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်းသိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ရေတာရှည်မြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ်ချစ်ကိုကိုနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သပြေတန်းကျေးရွာ တောင်ဘက်ကားလမ်းပြုပြင်နေသည့်နေရာ မိုင်တိုင် အမှတ် ၁၉၄/၅ နှင့် ၆ အကြားတွင် မြောက်မှတောင်သို့ ဆွာမင်းလမ်းကျေးရွာ အုပ်စု ကညင်အိုင်ကျေးရွာနေသူများဖြစ်သော စောမင်းနိုင်(၂၃နှစ်) မောင်း နှင်ပြီး နောက်တွင် လမု(ခ)မိုက်မိုက်(၂၈)နှစ်တို့စီးနင်းလာသော ယာဉ်နံပါတ်မပါ WAVE 110 ဆိုင်ကယ်သည် ရှေ့မျက်နှာချင်းဆိုင်ဘက်မှအောင်ကျော်မိုး (၂၃နှစ်) မောင်းနှင်သည့် 8J/--- နစ်ဆန်း(၁၂)ဘီးကုန်တင်ယာဉ်နှင့်တိုက်မိခဲ့ ပြီး ဆိုင်ကယ်စီးလာသူ နှစ်ဦးစလုံး ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့၍ ရေတာရှည်မြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆိုင်ကယ်နှင့်ဘုရားပွဲသွားသည့် အမျိုးသားနှစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံး
Reviewed by သစ်ထူးလွင်
on
05:57
Rating: