ဟူသီသူပုန်တွေ အပေါ် ထောက်ခံမှု အီရန်ကို အမေရိကန် သတိပေး


 ယီမင်နိုင်ငံမှာ ဟူသီသူပုန်တွေကို ထောက်ခံအားပေး နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ ထွက်ပေါ်နေတဲ့အပေါ် အီရန်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက သတိပေးလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသထဲမှာ အီရန်ရဲ့ ခြိမ်းခြောက်မှု ခံရတယ်လို့ ယူဆရတဲ့ ဘယ်နိုင်ငံကို မဆို အမေရိကန်က ကူညီသွားမှာ ဖြစ်ပြီး အီရန်အနေနဲ့ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်အောင် လုပ်ခဲ့မယ်ဆိုရင် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ယီမင် သမ္မတ Abd-Rabbu Mansour Hadi ကို ဆန့်ကျင် နေကြတဲ့ ဟူသီ သူပုန်တွေကို တိုက်ထုတ်ဖို့ ကူညီနေကြတဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကို အမေရိကန်က အထောက်အကူ ပေးနေတာ ဖြစ်ပါတယ်။

ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကို လက်နက် ထောက်ပံ့ဖို့ အရှိန်မြှင့် လုပ်ဆောင်နေကြောင်းလည်း အမေရိကန်က ပြောကြားခဲ့ပါတယ်။

အီရန်ဘက်ကတော့ ဟူသီသူပုန်တွေကို စစ်ရေးအကူအညီတွေ ထောက်ပံ့ ပေးနေတယ် ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။

ဒါပေမယ့် ယီမင်နိုင်ငံရဲ့ တောင်ဘက်ကမ်းခြေအလွန် အေဒင် ပင်လယ်ကွေ့ကို အီရန်နိုင်ငံက ရေတပ်သင်္ဘောတွေ ထွက်ခွာသွားပြီလို့ အီရန်အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဟူသီသူပုန်တွေ အပေါ် ထောက်ခံမှု အီရန်ကို အမေရိကန် သတိပေး  ဟူသီသူပုန်တွေ အပေါ် ထောက်ခံမှု အီရန်ကို အမေရိကန် သတိပေး Reviewed by သစ်ထူးလွင် on 18:58 Rating: 5
Powered by Blogger.