ယာမွတ်ခ် ဒုက္ခသည်စခန်း သဘောတူညီချက် ရပြီ


ယာမွတ်ခ် ဒုက္ခသည်စခန်း
ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စ်ကတ်ရဲ့ တောင်ဘက်ရှိ ယာမွတ်ခ် ဒုက္ခသည် စခန်းဟာ အိုင်အက်စ် လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုဒဏ် ခံရအပြီး၊ သေကျေပျက်စီးမှုတွေလည်း များလှတဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယာမွတ်ခ် ဒုက္ခသည်စခန်းကတော့ နက်ရှိုင်းလှတဲ့ ငရဲတွင်း ဖြစ်နေတဲ့ အကြောင်း ပြောပါတယ်။

အသနား ညှာတာမှု ကင်းမဲ့တဲ့ အိုင်အက်စ် လက်နက်ကိုင်အဖွဲ့နဲ့ တခြား အစွန်းရောက် အဖွဲ့တွေရဲ့ ၂ နှစ်ကျော် ဖမ်းဆီးခြင်း ခံရတဲ့ ပါလက်စတိုင်းနဲ့ ဆီးရီးယား ဒုက္ခသည်ပေါင်း တစ်သောင်း ရှစ်ထောင်ရဲ့ ဘဝဟာ သေမင်းတမန် ငရဲ စခန်း ဖြစ်နေပါတယ်လို့ ဘန်ကီမွန်းက ပြောသွားတာပါ။

အခုတော့ ပါလက်စတိုင်း အဖွဲ့တချို့နဲ့ ဆီးရီးယား အစိုးရက အိုင်အက်စ် လက်နက်ကိုင်အဖွဲ့ကို ပူးတွဲ တိုက်ထုတ်ဖို့ သဘောတူ လိုက်ကြပါပြီ။

ဒါပေမယ့် ဘယ်လို အစီအစဉ်နဲ့ ပူးပေါင်း တိုက်ထုတ်မှာလည်း ဆိုတာ မရှင်းလင်းသေးပါဘူး။ သေချာတာကတော့ ဆီးရီးယား အစိုးရ တပ်ဟာ ပါလက်စတိုင်း ဒုက္ခသည်စခန်းကိုတော့ ဝင်ခွင့်ရသွားပါပြီ။

အဲဒီအတွက် ဆီးရီးယား အစိုးရဟာ ဒီကိစ္စမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခွင့် ရသွားလို့ ဒါကို မကျေနပ်တဲ့ အဖွဲ့တွေကတော့ ဆီးရီးယား သူပုန်အဖွဲ့နဲ့ ပူးပေါင်းပြီး အိုင်အက်စ်ကိုရော ဆီးရီးယား အစိုးရကိုပါ တိုက်နေတဲ့ အက်နက်ဖ် အမည်ခံ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် ဂျင်မြူးယားက ဘေရွတ်မြို့ကနေ သတင်းပေးပို့လိုက်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
ယာမွတ်ခ် ဒုက္ခသည်စခန်း သဘောတူညီချက် ရပြီ ယာမွတ်ခ် ဒုက္ခသည်စခန်း သဘောတူညီချက် ရပြီ Reviewed by သစ်ထူးလွင် on 12:32 Rating: 5
Powered by Blogger.