ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။ photo: Nay Myo Htun/RFA |
အဲဒီလူနာတွေဟာ ခိုက်ရန်ဖြစ်ပွားမှုနဲ့ ယာဉ်တိုက် မှုကြောင့် ရောက်ရှိလာတာဖြစ်တယ် လို့ ရန်ကုန်ပြည် သူ့ဆေးရုံ ကြီး အရေးပေါ်ဌာန ပါမောက္ခ ဌာနမှုး ဒေါက်တာဇော်ဦးက ပြောပါတယ်။
"၁၃ ရက်နေ့က ၁၆၀ လောက်ရောက်တယ်၊ ၁၄ ရက်နေ့က ၁၉၅ ယောက် လောလောဆယ် စာရင်းပေါ့၊ အထူးသဖြင့် ယာဉ်တိုက်မှုပေါ့၊ ခိုက်ရန်ဖြစ်ပွား မှုကဒုတိယ အများဆုံးပေါ့၊ အများအားဖြင့်တော့ ခေါင်းပေါ့၊ ခေါင်းထိတာပေါ့၊ ဒါပေမယ့် ဟိုဘက်မှာ ဆေးရုံတင်ပြီးတော့မှ သေဆုံးတာ ရှိမရှိတော့ အခုလောလောဆယ်မသိရသေးဘူးလေ၊ ဒီမှာတော့ လောလောဆယ်အသေအပျောက်မရှိသေး ဘူး၊ ပြင်းထန်တာတော့ရှိတယ်"
ရန်ကုန်တိုင်းဒေသကြီးမှာ သင်္ကြန်ကာလအတွင်း မတော်တဆထိခိုက်မှုအပြင် အရေးပေါ်ကုသဖို့အတွက် ရန်ကုန်ပြည် သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှာ အထူးကု ဆရာဝန်တွေကို အချိန်ပြည့် တာဝန်ချထားပေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလအတွင်းမှာ ရန်ကုန်ဆေးရုံကြီးကို နေ့စဉ် လူနာ ၂၀၀ နီးပါးလောက် တက်ရောက်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူတွေ၊ ယာဉ်တိုက်မှုကြောင့် ထိခိုက်သူတွေ၊ အပူရှိန်ကြောင့် သတိလစ် မေ့မြော သူတွေ အများစုဖြစ်တယ်လို့ သိရပါတယ်။
သင်္ကြန်အကြတ်နေ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နဲ့ ရှမ်းပြည်နယ် တောင်ကြီးမှာ သင်္ကြန်ပွဲဆင်နွှဲကြ တဲ့ မြင်ကွင်းတွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းရှေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သင်္ကြန်ဖျော်ဖြေရေး မဏ္ဍပ်မှာ အွန်လိုင်းလေထန်ကုန်းသံချပ် အဖွဲ့ဟာ မနေ့ညက သံချပ်ထိုးဖျော်ဖြေခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
သင်္ကြန်နှစ်ရက် ဆေးရုံကြီး အရေးပေါ်ဌာန ရောက်လာသူ ၃၀၀ ကျော်ရှိ
Reviewed by သစ်ထူးလွင်
on
22:47
Rating: