တိုကျို ဧပြီ ၂၅
ဂျပန်အစိုးရ၏ နျူကလီးယားစွမ်းအင် တိုးမြှင့်သုံးစွဲမည့်မူဝါကို ဆန့်ကျင်သောအားဖြင့် ဝန်ကြီးချုပ် ရုံးပေါ်တွင် ရေဒီယိုသတ္တုကြွစေသည့် သဲလွန်စပစ္စည်းများ တင်ဆောင်ထားသော မောင်းသူမဲ့လေယာဉ်ငယ် တစ်စင်း ပျံသန်းမောင်းနှင်သူတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အသက် (၄ဝ) နှစ်အရွယ်ရှိ ယာဆူအိုယာမာမိုတိုအား စီးပွားရေးလုပ်ငန်းတွင် ကဖျက်ယဖျက်လုပ်ခြင်းနှင့် ရုံးအဆောက်အအုံခေါင်မိုးပေါ်တွင် မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်း စေလွှတ်ကာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ဝင်ရောက်နှောက်ယှက်မှု သံသယဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် စွပ်စွဲချက်များကို ဝန်ခံခဲ့ကြောင်း ရဲဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။
နျူကလီးယားဓာတ်အား ပေးစက်ရုံ အမြောက်အမြား စုဝေးနေသည့် ဖူကူအီစီရင်စုရှိ အိုဘားမား မြို့တော်တွင် နေထိုင်သည့် ယာဆူအိုယာမာမိုတိုသည် ဧပြီ ၂၄ ရက် ညနေပိုင်းက အနောက်ပိုင်းစီရင်စုရှိ ရဲစခန်းတွင် ကိုယ်တိုင်လာရောက်ဖမ်းဆီးခြင်း ခံခဲ့ကြောင်း သိရသည်။ [နယူးစ်]
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဂျပန်ဝန်ကြီးချုပ် ရုံးအဆောက်အအုံပေါ် ဒရုန်းမောင်းနှင်သူ ဖမ်းဆီးခံရ
Reviewed by သစ်ထူးလွင်
on
04:18
Rating: